31 C
Yangon

ရေး-ထားဝယ် လမ်းပိုင်းရှိ ခမရ ၄၀၉ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အရာရှိရိပ်သာ အပါအဝင် အဆောက်အအုံများ ထိခိုက်ပျက်စီး

Must read

ရေး-ထားဝယ် လမ်းပိုင်းရှိ ခမရ ၄၀၉ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အရာရှိရိပ်သာ အပါအဝင် အဆောက်အအုံများ ထိခိုက်ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၄

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရေး -ထားဝယ် လမ်းပိုင်းရှိ ခမရ ၄၀၉ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများနေထိုင်ရာ အရာရှိရိပ်သာအပါအဝင် အ ဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

ဇန်နဝါရီလ ၂ ရက် နံနက် ၈ နာရီခန့်က ရေဖြူမြို့နယ်၊ ရေး – ထားဝယ်လမ်းမပေါ် ကလိန်အောင်မြို့ နှင့် ကျောက်ရှပ်ကျေးရွာကြားရှိ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၄၀၉ ခြေမြန်တပ်ရင်းကို မြေပြင် ဝေဟင် ဟန်ချက်ညီညီ တိုက်ခိုက်ရေးဗျူဟာဆွဲ၍ SFZ Drone ဖြင့် ၈၁ မမ ဗုံးသီး ၅ လုံးကျဲချတိုက် ခိုက်ခဲ့ရာ အရာရှိရိပ်သာအပါအဝင် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ပြီး သေဆုံးသူများနှင့် ဒဏ် ရာရသူများ ရှိသည်ဟု ကြားသိရသော်လည်း အတိအကျသိရှိနိုင်ရန် ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုနဲ့ ဘယ်လောက်ထိခိုက်ပျက်စီးမှုရှိတယ်ဆိုတဲ့ စာရင်းကတော့ စုံစမ်းဆဲဖြစ်ပါတယ်၊ နောက်ဆုံးသတင်းရရှိရင် Update ထုတ်ပြန်ပေးပါမယ့်” ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် Drone ကို ပြန်လည် ပစ်ခတ်မှုရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါန တပ်ခွဲ-၄) ၏ ဒရုန်းတပ်ဖွဲ့၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် T1 မှ မြေပြင်‌ချေမှုန်းရေးကွန်မန်ဒိုတပ်ဖွဲ့နှင့် ရေဖြူ တပ်ပေါင်းစုအဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး KBDF တပ်ဖွဲ့ (ဒေါနတပ်ခွဲ-၄)မှ အမျိုး သမီး စစ်သည်တော်များ ပထမဆုံး‌ အနေဖြင့် ရှေ့တန်းစစ်မျက်နှာသို့ လိုက်ပါတိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article