28 C
Yangon

ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၆ ဦး သေဆုံး

Must read

ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၆ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၄

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးပျူရွာစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ် ကောင် စီတပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ကျားညီနောင် – Tiger Brother LPDF တပ်ဖွဲ့ခေါင်း ဆောင် ကိုရန်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၃ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့် ဝက်လက်မြို့နယ်၊ ရွာသာကြီး ပျူရွာစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ပြီး လက်လုပ် ၆၀ မမ အချက် ၄၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့မှ မီးကျည်အချက် ၂၀ ကျော်အပြင် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

“လက်နက် ၆၀ မမက အလုံး ၄၀ ကျော်နဲ့ ဒရုန်းနဲ့က ဗုံးသီး ၃ လုံးကျဲချတဲ့တာ၊ သူတို့ဘက်က မီး ကျည် အချက် ၂၀ ကျော်ကောင်တာပြန်ပစ်တယ်၊ လက်နက်ငယ်နဲ့ ရမ်းသမ်းပစ်တာတော့ တော် တော်များများတယ်၊ အတွင်းလူပြောပြချက်အရ စစ်ခွေး ၆ ကောင်သေတယ်လို့ ၊ ဒဏ်ရာရတဲ့သူ တွေများ တယ်လို့ သိရတယ်၊” ဟု ကျားညီနောင် – Tiger Brother LPDF တပ်ဖွဲ့ခေါင်း ဆောင် ကိုရန်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျားညီနောင် – Tiger Brother LPDF တပ်ဖွဲ့၊ တွေ့မရှောင်၊ MRTF ၊ MMU ၊ NDR နှင့် ရွာသာကြီးတိုက်နယ် ပကဖအင်အားစုတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article