ဝက်လက်မြို့နယ်နှင့် တန့်ဆည်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က တိုက်လေယာဉ် ဖြင့် ဗုံးကျဲ
ရန်ကုန်၊ ဇန်နဝါရီ ၄
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီ တပ်က တိုက် လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၂၃ မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြာားသည်။
ယနေ့ ဇန်နဝါရီလ ၄ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ဝက်လက်မြို့ နယ်အရှေ့ခြမ်း သစ်ဆိပ်လမ်းဆုံ မြောက်ဘက်မီတာ ၁၀၀ အ ကွာနေရာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၄ လုံး ကျဲချတိုက်ခိုက်ရာ မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်မှုမရှိကြောင်း သိရသည်။
“နေ့လည် ၁ နာရီခွဲအချိန်က ဝက်မြို့နယ်၊ အရှေ့ခြမ်း သစ်ဆိမ့်လမ်းဆုံရဲ့မြောက်ဘက်မီတာ ၁၀၀ လောက်အကွာနေရာကို ဖိုက်တာနဲ့ ၄ လုံးကျဲသွားတာဗျ၊ ပြည်သူလူထု အထိအခိုက်မှုတော့ မရှိဘူး၊ တိုက်ပွဲလဲ မဖြစ်ဘူး၊ ဘာမှလဲမရှိပဲနဲ့ အလွတ်ကျဲသွားတာ၊” ရွှေဘိုခရိုင်တပ်ရင်း ၂၃ မှ တာဝန်ရှိသူ တစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြာားသည်။
အလားတူ ယနေ့ ဇန်နဝါရီလ ၂ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်က တန့်ဆည်မြို့နယ်၊ စိန်းနန်းကျေး ရွာကိုကို တိုက်ပွဲဖြစ်ပွားခြင်းမရှိ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တစ်စီးဖြင့် ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။