32 C
Yangon

ကွတ်ခိုင်၊ မိုးမိတ်နှင့် ကျောက်မဲမြို့ရှိ စခန်းများကို TNLA က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေ၊ နမ့်ခမ်းမြို့ရှိ စခန်းသစ်ကုန်းအတွင်း နယ်မြေရှင်းလင်းစဥ် လက်နက်များ သိမ်းဆည်းရရှိ

Must read

ကွတ်ခိုင်၊ မိုးမိတ်နှင့် ကျောက်မဲမြို့ရှိ စခန်းများကို TNLA က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေ၊ နမ့်ခမ်းမြို့ရှိ စခန်းသစ်ကုန်းအတွင်း နယ်မြေရှင်းလင်းစဥ် လက်နက်များ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုးမိတ်မြို့နယ်နှင့် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ် စခန်းများကို TNLA မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး TNLA တပ်မတော်က သိမ်းပိုက်ရရှိထားသော နမ့်ခမ်းမြို့ရှိ စသစ်ကုန်းကို နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်သားများ ဝှက်ထားခဲ့သော လက် နက်များ ထပ်မံတွေ့ရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းကိုလည်းကောင်း၊ မိုးမိတ်မြို့ နယ်၊ စစ်ကောင်စီ၏ ဆင်ကင်တပ်စခန်းကိုလည်းကောင်း၊ ကျောက်မဲမြို့ရှိ စစ်ကောင်စီ တပ်စခန်းကို လည်းကောင်း တအာင်းတပ်မတော် PSLF/TNLA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရသည်။

မူဆယ်မြို့နယ် စစ်ကောင်စီတပ်မှ ၄၅၆၁ ကုန်းသို့ လက်နက်ကြီးဖြင့် ၂ ကြိမ်၊ ကျောက်မဲမြို့နယ် စစ်ကောင်တပ်မှ ခွန်ကော်ကျေးရွာ၊ အထက်ညောင်ကုန်းကျေးရွာသို လက်နက်ကြီးဖြင့် ၁၅ ကြိမ်၊ မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းမှ တိုက်ပွဲဖြစ်ပွားရာ ဆင်ကင်တပ်စခန်းသို့ လက်နက်ကြီးဖြင့် ၁၁ ကြိမ်၊ လားရှိးမြို့စစ်ကောင်စီတပ်မှ ပန်ဖတ်ကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ကွတ်ခိုင်မြို့နယ် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားရာနေရာသို့ Y12 ဖြင့် ၂ ကြိမ်၊ Jet Fighter ဖြင့် ၂ ကြိမ်၊ ဗုံး ၁၉ လုံး လာရောက်ပစ်ချ တိုက်ခိုက်ခဲ့ပြီး မိုးမိတ်မြို့နယ်တွင် တိုက်ပွဲဖြစ် ပွားရာ ဆင်ကင်တပ်စခန်းသို့ စစ်ကောင်စီလေတပ်မှ Jet Fighter ဖြင့် ၂ ကြိမ် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့တွင် တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး သော နမ့်ခမ်းမြို့နယ်၊ စခန်းသစ်ကုန်းကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာတွင် စစ်ကောင်စီတပ်မှ ဝှက်ထားခဲ့သော လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရရှိခဲ့ပြီး နမ့်ခမ်းမြို့နယ်၊ စစ်ကောင်စီ ခလရ-၁၄၄ မန်တပ်စခန်းသို့ စစ်ကောင်စီတပ်မှ စစ်ကူလူအင်အားနှင့် လက်နက်ခဲယမ်းမျာ ၁ ကြိမ် လာ ရောက်ပိုချခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article