35 C
Yangon

တာချီလိတ်မြို့နှင့်တန့်ယန်းမြို့ဘက်သို့ ကျားဖြန့် ဂိုဏ်းများ ပြောင်းရွှေ့ပြီး ဒေသခံ စစ်ဘက်နှင့်ရဲများက ကျားဖြန့် လုပ်ကိုင်သူများကို လိုင်းကြေးရယူခွင့်ပြုနေ

Must read

တာချီလိတ်မြို့နှင့်တန့်ယန်းမြို့ဘက်သို့ ကျားဖြန့် ဂိုဏ်းများ ပြောင်းရွှေ့ပြီး ဒေသခံ စစ်ဘက်နှင့်ရဲများက ကျားဖြန့် လုပ်ကိုင်သူများကို လိုင်းကြေးရယူခွင့်ပြုနေ

ရန်ကုန်၊ ဇန်နဝါရီ ၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ဘက်မှ ထွက်ပြေးလာသော ကျားဖြန့် အွန်လိုင်းငွေလိမ်လည်သည့် ကုမ္ပဏီများသည် တာချီလိတ်နှင့် တန့်ယန်းမြို့တို့တွင် အခြေချပြီး လုပ်ငန်းများ ပြန်လုပ်ကိုင်လာကြောင်း၊ ဒေသခံ စစ်ဘက်နှင့်ရဲများက အဆိုပါ ကျားဖြန့်ဂိုဏ်းများထံမှ လိုင်းကြေးငွေများ ရယူခွင့်ပြုနေကြောင်း သိရှိရသည်။

‌MNDAA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်တပ်များက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကျားဖြန့် အွန်လိုင်းငွေလိမ်လည်သော ဂိုဏ်းများကို နှိမ်နင်းမှုများ လုပ်ဆောင်လာသည့်အတွက် ကျားဖြန့်ဂိုဏ်များသည် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်နှင့် တန့်ယန်းမြို့များသို့ ပြောင်းရွှေ့လုပ်ကိုင်လာကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ ပါလာရံ လမ်းမကြီးဘေး၊ အခါဈေးတွင် ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခု အကြီးအကျယ် ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံသားများက ဦးဆောင်လုပ်ကိုင်ကြကြောင်း၊ ယင်းကုမ္ပဏီက စစ်တပ်ထံသို့ ငွေကြေး လိုင်းကြေးပေးဆောင်ပြီး ဒေသစစ်တပ်၏ခွင့်ပြုချက်ဖြင့် နေထိုင် လုပ်ကိုင်ကြကြောင်း၊ အဆိုပါ ကျားဖြန့်ဂိုဏ်းသို့ အကြမ်းဖက်စစ်တပ်က မကြာခဏ ဆိုသလို လာရောက်လေ့ရှိကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“စစ်တပ်နဲ့ ပေါင်းလုပ်နေလို့ ပြောတယ်။ စစ်တပ်ကလူတွေ ခဏခဏလာတာ တွေ့တယ်။ အခါဈေးဂေါက်ကွင်း ပါလာရံ လမ်းမကြီးဘေးမှာ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောပြသည်။

အလားတူ တန့်ယန်းမြို့တွင်လည်း ကျားဖြန့်လုပ်ကိုင်ကြသော တရုတ်နိုင်ငံသားများ စွာ ရောက်ရှိနေကြပြီး အိမ်များ ဝယ်ယူကြခြင်း၊ ငှားရမ်းကြကြောင်း၊ မြို့စွန်ဘက်ရှိ ခြံကျယ်ကြီးများတွင် ကွန်ပျူတာများစွာ အထိုင်ချ၍ အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်ကြကြောင်း သိရှိရသည်။

“ကျတော်တို့ တန့်ယန်းမှာလည်း ကျားဖြန့်လုပ်ငန်းကလူတွေ တအားဝင်လာတယ်။ တချို့ကတော့ မြို့စွန်ဘက်မှာ အိမ်ကြီး တွေ ဝယ်ပြီး အလုပ်လုပ်ကြတယ်။ လုပ်ကြတာကတော့ ကွန်ပျူတာတွေ တန်းစီပြီး ခြံအကျယ်ကြီးတွေထဲမှာ အိမ်သေးသေးလေးတွေ ထပ်ဆောက်ပြီး လုပ်ကြတယ်။ ခြံစည်းရိုးကိုလည်း အမြင့်ကြီးတွေကာကြတယ်။ နယ်ထိန်းရဲတွေ တပ်တွေကတော့ သိတယ်။ ဒါပေမယ့် ဘာမှ လုပ်တာထောက်ရင် ငွေပေးထားလို့ နေမယ်” ဟု တန့်ယန်းဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- တာချီလိတ်တွင် ဖွင့်လှစ်ထားသော ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွင် လုပ်ကိုင်နေကြသော တရုတ်နိုင်ငံသားများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article