33 C
Yangon

တောင်သာမြို့မ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရဲတစ်ဦးသေဆုံး

Must read

တောင်သာမြို့မ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရဲတစ်ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၅

မန္တလေးတိုင်း၊တောင်သာမြို့ရှိ မြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက် အောက်ခံ ရဲ ၁ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၈ – Natogyi Regional Defence Force တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၄ ရက် ညနေ ၅ နာရီခန့်က တောင်သာမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲစခန်းကို ဒရုန်းဖြင့် ၂ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံးပြီး ၅ ဦးထက် မနည်းဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသွားသော ရဲ၏ ရုပ်အလောင်းကို ညတွင်းချင်းသင်္ဂြိုလ်ခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူများကို တောင်သာမြို့ဆေးရုံသို့တင်ပို့ကုသထားကြောင်း သိရသည်။

“တောင်သာမြို့မရဲစခန်းကို ဒရုန်းနဲ့ချခဲ့တာ၊ မိုးချုပ်နေတော့ ၂ လုံးပဲချခဲ့တာ၊ ၂ လုံးကို တစ်လုံးပဲ အောင်တယ်၊ ရဲတစ်ဦးသေတယ်၊ ၅ ဦးဒဏ်ရာရတယ်၊ ရာထူးနဲ့အဆင့်ကိုတော့ မသိရသေးဘူး၊”ဟု မြင်းခြံခရိုင်တပ်ရင်း ၈ – Natogyi Regional Defence Force တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၁ ၊ တပ်ရင်း ၃ ၊ တပ်ရင်း ၈ ၊ မိတ္ထီလာခရိုင် တပ်ရင်း ၃ နှင့် မလှိုင်ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် အောင်မြင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article