26 C
Yangon

ပန်လုံ၊ ဟိုပန်၊ တာကော်အတ်၊ မန့်မန်းဆိုင်နှင့် မော်ဖ ဒေသများတွင် ကျားဖြန့် အွန်လိုင်းလုပ်သူများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို လိုက်လံဖမ်းဆီး နယ်မြေရှင်းလင်းရေးလုပ်မည်ဟု ညီနောင် ၃ ဖွဲ့ ကြေညာ

Must read

ပန်လုံ၊ ဟိုပန်၊ တာကော်အတ်၊ မန့်မန်းဆိုင်နှင့် မော်ဖ ဒေသများတွင် ကျားဖြန့် အွန်လိုင်းလုပ်သူများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို လိုက်လံဖမ်းဆီး နယ်မြေရှင်းလင်းရေးလုပ်မည်ဟု ညီနောင် ၃ ဖွဲ့ ကြေညာ

ရန်ကုန်၊ ဇန်နဝါရီ ၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပန်လုံ၊ ဟိုပန်၊ တာကော်အတ်၊ မန့်မန်းဆိုင်နှင့် မော်ဖဒေသများတွင် စစ်ကောင်စီ၏ အကာအကွယ်ယူ ထွက်ပြေးလွတ်မြောက်သွားသော ကျားဖြန့် အွန်လိုင်းလုပ်ကိုင်သူများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို လိုက်လံဖမ်းဆီး နယ်မြေရှင်းလင်းရေးလုပ်မည်ဟု ညီနောင် ၃ ဖွဲ့က ကြေ ညာသည်။

၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်သည့် ရက်ပေါင်း ၇၁ ရက်တာကာလအတွင်း စစ်ကောင်စီ၏ရာချီသော စခန်းများနှင့် မြို့ကြီးအချို့တို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ရယူထားပြီးဖြစ်ကြောင်း၊ တစ်ပြိုင်နက်တည်းတွင် စစ်ကောင်စီ၏ စစ်ရှုံးကာ စွန့်လွှတ်လိုက်ရသောစခန်းများထဲမှ တပ်ဖွဲ့ဝင်အချို့သည် ပုံစံအမျိုးမျိုးဖြင့် နေရာအမျိုးမျိုးတွင် ထွက်ပြေးလွတ်မြောက်နေကြဆဲဖြစ်ကြောင်း၊ ထိုသို့ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သားအချို့သည် ဒေသအတွင်းရှိ ရပ်ရွာများအနီးတွင်လည်းကောင်း၊ ညီနောင် ၃ ဖွဲ့ သိမ်းပိုက်ထားသော စခန်းအနီးအနားပတ်ဝန်းကျင်များ၌လည်းကောင်း၊ သံလွင်မြစ်ကြောတစ်လျှောက်တွင်လည်းကောင်း အစုလိုက်စုဖွဲသည့်ပုံစံမျိုးဖြင့် ပြန့်ကျဲစွာရှိနေကြသဖြင့် ပြည်သူများနှင့် ညီနောင်တပ်ဖွဲ့ဝင်များအတွက် အန္တရာယ်ကြီးစွာ ရှိလှကြောင်း ညီနောင် ၃ ဖွဲ့က ပြောသည်။

အခြားတစ်ဘက်တွင် စစ်ကောင်စီ၏ လက်ဝယ်ခံပြည်သူ့စစ်အချို၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ၊ အွန်လိုင်းလောင်းကစား (ကျဖျင်) လိမ်လည်သူများ၊ စစ်ကောင်စီ၏ အကာအကွယ်ကိုယူပြီး လုပ်စားနေကြသော မူးယစ်ဆေးဝါးရောင်းဝယ်သူ များသည် ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်ဖွဲဝင်များနှင့်အတူ ပန်လုံ၊ ဟိုပန်၊ တာကော်အတ်၊ မန့်မန်းဆိုင်နှင့် မော်ဖဒေသများအတွင်း အတူထွက်ပြေးတိမ်းရှောင်ခြင်းတို့အပြင် လက်နက်၊ စစ်အင်အားဖြည့်တင်းခြင်း တို့ကိုပါ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ထိုကြောင့် ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် အွန်လိုင်းလောင်းကစား (ကျဖျင်) လိမ်လည်သူများကို အကာအကွယ် ထပ်မံပေးထားသည့် စစ်ကောင်စီတပ်ဖွဲဝင်များ၊ ပြည်သူလူထုအတွက် အန္တရာယ်ကောင်ဖြစ်သော စစ်ကောင်စီ တပ်ဖွဲဝင်များနှင့် မူးယစ်ဆေးဝါးရောင်းဝယ်နေကြသူများကို အထက်ဖော်ပြပါနေရာများအပြင် အခြားသော ဤကဲ့သို ခိုအောင်းနေသည့်နေရာများပါ လိုက်လံဖမ်းဆီးခြင်းနှင့် နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများကို ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ညီနောင် ၃ ဖွဲ့က တရားဝင် အသိပေး ကြေညာသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article