33 C
Yangon

ရသေ့တောင်နှင့် စစ်တွေ မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု ကျောင်းသူ ၁ ဦးနှင့် ကျောင်းဆရာ ၁ ဦး သေဆုံး

Must read

ရသေ့တောင်နှင့် စစ်တွေ မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု ကျောင်းသူ ၁ ဦးနှင့် ကျောင်းဆရာ ၁ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၅

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နှင့် စစ်တွေ မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု ကျောင်းသူ ၁ ဦးနှင့် ကျောင်းဆရာ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ဇန်နဝါရီလ ၄ ရက်နေ့ ည ၈ နာရီကျော်ခန့်တွင် အ​​​ကြမ်းဖက် စစ်တပ်၏ ရီစိုးချောင်းဗျူဟာက အနီးအနားရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ခရုချောင်းရွာအတွင်း လက်နက်ကြီးကျည် ၄ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး​ကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ခရုချောင်းရွာမှ အသက် ၁၈ နှစ်အရွယ် မစုမြတ်ခိုင် ရင်ဘတ်ကို လက်နက်ကြီးကျည်စထိမှန်ခဲ့ပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ခရုချောင်းရွာမှ အသက် ၄၃ နှစ်အရွယ် ဒေါ်ဦးဝင်းသိန်းလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်တွေမြို့နယ်၊ ချီလိုင်ဖင်းရွာတွင် ဇန်နဝါရီလ ၂ ရက်နေ့၌ အကြမ်းဖက် စစ်တပ်က သေနတ်များဖြင့် လိုက်လံပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် အသက် ၂၃ နှစ်အရွယ် ကိုဇွဲနိုင်ဝင်း၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article