အနောက်မြောက်တိုင်း စစ်ဌာနချုပ် နှင့် တောပုရွာပျူစခန်းကို ရှော့တိုက်ဒုံး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး ကား ၁ စီး မီးလောင်ပျက်စီး
ရန်ကုန်၊ ဇန်နဝါရီ ၅
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ တပ်အတွင်းသို့ ရှော့တိုက်ဒုံး၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်းစီတပ်သားများ ထိခိုက်သေဆုံးမှုများပြားကြောင်း KLG PDF ကျောက်လုံးကြီးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇန်နဝါရီလ ၄ ရက် နံနက် ၅ နာရီခန့်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်း၌ လွတ်လပ်ရေး နေ့ အခမ်းအနား ကျင်းပနေစဉ် Operation Phoenix – ဇာမဏီစစ်ဆင်ရေးအဖြစ် နမခတပ်အတွင်းရှိ စစ်တိုင်းရုံး၊ ထပရ ၉၂၉ နှင့် စရဖ(နခ)တို့ကို ကာမီကာဇေ ဒရုန်း ၆၀ မမ ဗုံးသီးများ၊ လက်လုပ်ရှော့ဒုံး များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထပရ ၉၂၉၊ စရဖ(နခ) နှင့် တိုင်းစစ်ဌာနချုပ်ရုံးဝန်းအတွင်းရှိ Parade ကွင်း၊ အရာရှိရိပ်သာတို့ ထိမှန်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
“စစ်ခွေး ထိခိုက်သေဆုံးမှုက များတယ်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ စရဖ ယာယီရုံးမှာ လွတ်လပ်ရေး နေ့ လူစုနေတဲ့ အချိန် ဒရုန်း ဗုံးသီးကျတာ၊ နောက်ပြီးတိုင်းရုံးမှာလဲ လွတ်လပ်ရေးနေ့ အခမ်းအနား ပြုလုပ်နေတဲ့အချိန် Parade ကွင်းထဲကျတာ၊ တော်တော်များများထိတယ်” ဟု KLG PDF ကျောက် လုံးကြီးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယင်းတိုက်ခိုက်မှုကြောင့် စရဖ များ ယာယီရုံးထိုင်လျက်ရှိသော အဆောက်အဦးပေါ်သို့ ၆၀ မမ ဗုံးသီး ကျရောက်ကွဲမှုအတွင်း စစ်ကောင်စီတပ်သား အများအပြား သေဆုံးနိုင်ပြီးမော်တော်ယာဉ် တစ်စီးပါ မီးလောင်ပျက်စီးခဲ့ကြောင်း၊ အခမ်းအနားပြုလုပ်နေသည့် တိုင်းစစ်ဌာနချုပ်ရုံးအတွင်းရှိ Parade ကွင်းထဲသို့ လက်လုပ်ရှော့ဒုံး ၂ လုံး၊ အရာရှိလိုင်းခန်း ပတ်ဝန်းကျင်တဝိုက်၌ ၂ လုံးကျရောက်ပေါက် ကွဲမှုနှင့် မုံရွာလေယာဥ်ကွင်း အရှေ့မြောက်ဘက် ကင်းစခန်း အနီးလက်လုပ်ရှော့တိုက်ဒုံး ၁ လုံး ကျ ရောက်ပေါက်ကွဲမှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးမှုရှိ ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂ ၊ ၂၃ KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့ ဦး ဆောင်ပြီး Chindwin Revolution Army -CRA ၊ One Star Task Force- OSTF ၊ Dragon Brothers Task Force-DBTF နှင့် Chindwin Brothers စသည့်မဟာမိတ်အဖွဲများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မုံရွာမြို့နယ်၊ တောပုရွာရှိ ပျူစောထီးစခန်းကို ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း မုံရွာခရိုင်ပြည်သူ့ကာာကွယ်ရေးတပ်မတော် တပ်ရင်း ၄ – Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇန်နဝါရီလ ၄ ရက် ညနေ ၄ နာရီခန့်က မုံရွာမြို့နယ်၊ တောပုကျေးရွာရှိ ပျူစောထီးစခန်းကို ရှော့ တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူရွာထဲသို့ တိကျစွာ ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ တပ်ခွဲ ၁ spring dove PDF ၊ နှင့် 5/Fighter Group People Defence Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မုံရွာ ခရိုင်ပြည်သူကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ အနေဖြင့် အရေးပေါ် လက်နက်ခဲယမ်းများ လိုအပ်နေပါကြောင်း ထုတ်ပြန်ထားသည်။

