30 C
Yangon

နွားထိုးကြီးမြို့နယ်တွင် ပျူစောထီးများ လိုက်ပါလာသော ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်၊ ဘုတလင်မြို့ ထွေအုပ်ရုံးကို ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၄ ဦး သေဆုံး

Must read

နွားထိုးကြီးမြို့နယ်တွင် ပျူစောထီးများ လိုက်ပါလာသော ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်၊ ဘုတလင်မြို့ ထွေအုပ်ရုံးကို ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၄ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၅

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် ပျူစောထီးများလိုက်ပါလာ သော ကား ၃ စီးကို မိုင်းဆွဲ တိုက် ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၄ ရက် ညနေ ၆ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးများ လိုက်ပါလာသော နွားထိုးကြီးမြို့မှ မြင်းခြံမြို့ဘက်သို့ ထွက်ခွာလာသည့် အကန်တာ ကားတစ်စီး၊ ဖိုးဝှီးကား ၂ စီး စုစုပေါင်းယာဉ် ၃ စီးကို နွားထိုးကြီးမြို့နယ်၊ ကန်ရွာနှင့် ကန်နှောင်ရွာကြားအရောက် ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရှေ့မှ ထွက် လာသည့် ကန်တာကားတစ်စီးကို ထိမှန်ခဲ့ပြီး ပျူစောထီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မြင်းခြံမြို့ ၄ ရပ်ကွက်က ပျူတွေလိုက်ပါလာတာ၊ မိုင်းထိဒဏ်ရာရတဲ့ ပျူ ၂ ဦးက မသေသေးဘူး၊ တိုက်ခိုက်ပြီးတော့ ကားပေါ်ကနေ သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်ပြီး မြင်းခြံဘက်ကို ဆက်မောင်းသွား တယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)နှင့် မန္တလေးခရိုင် တပ်ရင်း- ၃ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ‌ အောင်မြင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Chindwin Brothers တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂၈ ရက် နေ့က ဘုတလင်မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ အကြမ်းဖက် စစ်ကောင်စီတပ်သားများ အစည်းအဝေးပြုလုပ်နေစဉ် ဒရုန်းလေယာဉ်ငယ်ဖြင့် ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း အသိရသည်။

ယင်းတိုက်ခိုက်မှုသည် မုံရွာခရိုင်အတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်း ၇ ဖွဲ့မှ သင်တန်းသား ၂၁ ဦးကို ဒရုန်းလေယာဉ်ငယ် တည်ဆောက်မောင်းနှင်သော နည်းပညာ ၇ ရက်ကြာသင်တန်းပေးပြီး သင်း တန်းဆင်းပွဲအမှတ်တရအဖြစ် လက်တွေ့ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်း ဖြစ်မြောက် ရေးအတွက် နေရာနှင့် စားနပ်ရိက္ခာများကို ဆရာမင်းနှင့် အဖွဲ့က တာဝန်ယူခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်ခိုက်မှုကို ဆရာမင်းနှင့်အဖွဲ့၊ မြို့နယ်အုပ်ကြီးများ၊ မုံရွာခရိုင်တပ်ရင်း ၁၆ ၊ တပင် ရွှေထီး နှင့် သင်တန်းသားများရဲဘော်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article