30 C
Yangon

သရက်ချောင်းမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းနှင့် စစ်ကူလာသော စစ်ကြောင်းကိုပါ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၇ ဦးသေဆုံး၊ ရေတာရှည်မြို့နယ်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

သရက်ချောင်းမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းနှင့် စစ်ကူလာသော စစ်ကြောင်းကိုပါ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၇ ဦးသေဆုံး၊ ရေတာရှည်မြို့နယ်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၅

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းနှင့် စစ်ကူလာသော စစ်ကြောင်းကိုပါ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၇ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်လူငယ် လက်ရုံးတပ်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၁၂ နာရီ ၄၅ မိနစ်တွင် သရက်ချောင်းမြို့နယ်၊ ပန်းပြင်ကျေးရွာနှင့် သရက်နှစ်ခွရွအကြားရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဘက်မှ ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာကို နံနက် ၁ နာရီ ၄၅ မိနစ်တွင် သရက်ချောင်းမြို့မှ အင်အား ၃၀ ဦးခန့်ပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် စစ်ကူသွားရန် ကား ၃ စီးဖြင့် ထွက်ခွာလာစဥ် ကဇိကျေးရွာလမ်းပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ခြေလျင် ထွက်ခွာလာပြီး ပိန်းတောကျေးရွာကို ရောက်ရှိလာစဥ် လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်း ပစ်ခတ်ကာ ဆက်လက် စစ်ကြောင်းထားပြီး တော်လှန်ရေး တပ်ဖွဲ့များက မိုင်းကွင်းပြုလုပ်၍ အသင့်စောင့်ကြိုနေချိန် ပန်းပြင်ကျေးရွာစာသင်ကျောင်းအနီးတွင် နံနက် ၂ နာရီ ၁၅ မိနစ်၌ ကြားဖြတ်တိုက်ခဲ့ရာ မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၂ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အဖွဲ့ဝင်ဖွဲ့များဖြစ်သော ဒေါင်းမင်းစစ်ဆင်ရေး၊ သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်အဖွဲ့၊ ထားဝယ်တောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ထားဝယ်နဂါးတပ်ခွဲ(၂) ၊ ထားဝယ်လူငယ်လက်ရုံးတပ် နှင့် မဟာမိတ်ပူးပေါင်းတပ်အဖွဲ့များဖြစ်သော လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ၊Dawei Defense Team(DDT) ၊ အထူးပြောက်ကျားတပ်အဖွဲ့(SGF) ၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး ၊ထားဝယ်စုပေါင်းစစ်ကြောင်း၊ ကျားသစ်နက် ၊ Eastern Defense Force ၊ ဥသြစစ်ကြောင်း ၊ ဒေါင်းညီနောင်စစ်ကြောင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့​ကြောင်း သိရှိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီကားတစ်စီးကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောာင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ပုဝါနီစစ်ကြောင်းထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၅ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က နေ့တွင် ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေး ရွာ အုပ်စု၊ တခွဲကြဲကျေးရွာနှင့် ကွမ်းအုံကျေးရွာကြား၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများ စီးနင်း လိုက်ပါလာသော ကားကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၅ မိနစ်ခန့်ကြာမြင့်ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း စစ်ကောင် စီတပ်သား ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပုဝါနီစစ်ကြောင်း ပြောက်ကျားပွိုင့်မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရသော အကြမ်းဖက်စစ်သားများက ကွမ်းအုံကျေးရွာအတွင်းသို့ ၄၀ မမ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ည ၇ နာရီခွဲခန့်တွင်လည်း ရွှေကဇောင်းကျေးရွာသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှ တော်လှန်ရေးတပ်ဖွဲ့ဝင်များရှိမည်ထင်သော နေရာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article