30 C
Yangon

ညောင်လေးပင်၊ ရေဖြူကန်ကျေးရွာတွင် နာရေးအိမ်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၄ ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရ

Must read

ညောင်လေးပင်၊ ရေဖြူကန်ကျေးရွာတွင် နာရေးအိမ်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၄ ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၆

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာတွင် နာရေးအိမ်၌ ဝိုင်းကူပေးနေကြသော ပြည်သူများကို အကြမ်းဖက်စစ်တပ်၏ ခမရ ၂၀ က ပစ်ခတ်သည့် လက်နက်ကြီး ထိမှန်၍ ပြည်သူ ၄ ဦး သေဆုံးကာ အသက် ၅ နှစ်အရွယ်ကလေးငယ်အပါအဝင် ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီ ၅ ရက်နေ့ နံနက် ၁၁ နာရီ ခွဲ အချိန် ခမရ၂၀ က လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းဖြစ်ပြီး လက်နက်ကြီးကျည်ထိမှန်၍ အသက် ၆၅နှစ်အရွယ် ဦးညွှန့်တင်၊ အသက် ၅၅ နှစ်အရွယ် ဒေါ်စန်းပို ၊ အသက် ၁၄ နှစ်အရွယ် မောင်ဟိန်း ၊ အသက် ၃၅ နှစ်အရွယ် မအေးမာ တို့ ၄ ဦး သေဆုံးခဲ့ရကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“နံနက် ၁၁ နာရီ ခွဲမှာ ခမရ ၂၀ က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာ ရရှိပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောကြားသည်။

ထို့ပြင် လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ဒဏ်ရာရရှိသူများမှာ အသက် ၅၅ နှစ်အရွယ် ဦးကုလား၊ အသက် ၅၃ နှစ်အရွယ် ဒေါ်နွဲ့၊ အသက် ၅၆ နှစ်အရွယ် ဒေါ်သန်းရွှေ၊ အသက် ၃၅ နှစ်အရွယ် မချစ်သဲဝေ၊ အသက် ၅၅ နှစ်အရွယ် ဒေါ်ခင်ဌေး၊ အသက် ၆၅ နှစ်အရွယ် ဦးကျော်ဝင်း၊ အသက် ၄၈ နှစ်အရွယ် ဒေါ်ကြူကြူစိုး၊အသက် ၃၅ နှစ်အရွယ် ကိုလှဝင်းနိုင်၊ အသက် ၃၈ နှစ်အရွယ် ကိုထွန်းနိုင်ဦး၊ အသက် ၅၆ နှစ်အရွယ် ဦးဖိုးထောင်၊ အသက် ၅၃ နှစ်အရွယ် ဦးစိုးနိုင်၊ အသက် ၅၅ နှစ်အရွယ် ဦးသန်းအောင်၊ အသက် ၄၅ နှစ်အရွယ် ဦးသေး၊ အသက် ၅ နှစ်အရွယ် မောင်ရဲကိုကို၊ အသက် ၇ နှစ်အရွယ် မအေးသီရိ တို့ ၁၅ ဦး တို့ဖြစ်ကြောင်း သိရှိရသည်။

ညောင်လေးပင်တွင် ပျူစောထီးတစ်ဦးက ၎င်း၏ ဖခင် နာရေးသို့ အလာ တော်လှန်ရေးအဖွဲ့များက ဖမ်းဆီးသွားသည်ကို မကျေနပ်၍ စစ်တပ် ခမရ ၂၀ က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article