33.6 C
Yangon

ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတား၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက် မြိုင်မြို့နယ်တွင်လည်း ရိက္ခာလာပို့သည့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတား၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက် မြိုင်မြို့နယ်တွင်လည်း ရိက္ခာလာပို့သည့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၆

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတား၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Super Fighter PDF (ရေစကြို) အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ ညပိုင်းတွင် ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတား၌ တပ်စွဲ ထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ စခန်း၊ တဲနှင့် ဘန်ကာ များကို တော်လှန်ရေး တပ်ဖွဲ့များက Fixed Wing Drone များဖြင့် ဗုံးသီး ၁၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Super Fighter PDF(ရေစကြို) ၊ ရေစကြိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) ၊ ညောင်ဦးခရိုင် အမှတ်(၅) တပ်ရင်း ၊ MMDF မန်းခရိုင် တပ်ရင်း(၆) ၊ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ ၊ ndependence Army – IA ၊ ညောင်ဦးခရိုင် အမှတ်(၅) တပ်ရင်း၊တပ်ခွဲ(၂) ရဲဘော်ညီနောင် ပြောက်ကျားတပ် နှင့် Anyar Federal Task Force ( AFTF ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို ရိက္ခာလာပို့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက Drone ဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးက ​ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၅ ရက်နေ့တွင် မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို ရိက္ခာလာပို့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သဲကျွန်းအရှေ့ဘက် ဇရပ်မြောက်ဘက်မှာရှိ ဇီးပင်အောက်တွင် ဇီးသီးခူးစားနေစဥ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၈ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၃ ဦးကို မြိုင်ဆေးရုံသို့ လူနာတင်ကားဖြင့် ချက်ချင်းခေါ်ဆောင်သွားကြောင်း သိရသည်။

“သတင်းပေးက ဆေးရုံကားနဲ့ သယ်သွားတာဘဲ သိရပါတယ်။ သေစာရင်းတော့ မသိရပါဘူး။ ဗုံးသီး ၂ လုံးကျတာ ၈ယောက်ထိတယ်။ ၃ ယောက်ဘဲ ကားနဲ့ လာသယ်သွားတာ” ဟု မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Urban Underground Revolution Force၊ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27 Revolution Forces၊ ယင်းမာပင်ခရိုင်တပ်ရင်း 3/4/5/6 ၊ ဆင်ရိုင်းရာဇာ မြိုင်အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article