Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၆ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီရဲ့ လောက်ကိုင် ဒကစ နဲ့ “နမ်ထင်း-မိန်ရှန်း” တောင်ကုန်း စခန်း ကနေ ပစ္စတိုတွေအပါအဝင် ချေမှုန်းရေးရိုင်ဖယ်လက်နက်ပေါင်း ၄၀၀၀ ကျော်ကို MNDAA တပ်က သိမ်းဆည်းရရှိခဲ့တဲ့အပြင် ခဲယမ်းတွေဟာလည်း မရေတွက်နိုင်အောင် ရရှိထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်များက ပြောပါတယ်။
– ရှမ်းပြည်နယ်မြောက်ပိုင်းက ဟိုပန်မြို့ထဲကို ၀ တပ်ဖွဲ့တွေ ဝင်ရောက်လာမှုဟာ ညီနောင် ၃ ဖွဲ့နဲ့ ၀ တပ်ဖွဲ့အကြား ကြိုတင် ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်သလို ၊ ဝ တပ်ဖွဲ့ထိန်းချုပ်လိုက်တဲ့ ဟိုပန်မြို့ ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲတာတွေ ၊လက်နက်ကြီးနဲ့ပစ်တာတွေလုပ်ရင်တော့ တုံ့ပြန်မှု ပြင်းထန်မှာ ဖြစ်တယ်လို့ ရန်ကုန်ခေတ်သစ်ရဲ့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
– စစ်ကိုင်းတိုင်းက မြောင်မြို့ ရဲစခန်းကိုတော်လှန်ရေးတပ်တွေကနေ ဒရုန်းနဲ့ ဗုံးသီးတွေ ဆက်တိုက်ကျဲချ တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက် အမျိုးသမီးတပ်သားတွေအပါအဝင် ၅ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution
