23 C
Yangon

စမ်းချောင်းမြို့နယ် ထွေ/အုပ်ရုံးရှေ့တွင် ဗုံးပေါက်ကွဲ

Must read

စမ်းချောင်းမြို့နယ် ထွေ/အုပ်ရုံးရှေ့တွင် ဗုံးပေါက်ကွဲ

ရန်ကုန်၊ ဇန်နဝါရီ ၆

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း စမ်းချောင်းဒေသပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီ ၆ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ယာဉ်တချို့ ထိခိုက်မှုရှိကြောင်း သိရှိရသည်။

“ဗုံးပေါက်ကွဲမှု ဖြစ်တယ်။ ခဏကြာတော့ ရဲတွေနဲ့ စစ်သားတွေ လာစစ်တယ်။ လမ်းခဏပိတ်တယ်။ မနက်ပိုင်းကလည်း ဗုံးတွေ့တယ်လို့ သတင်းကြားတယ်။ ဒီနေ့ မြေနီကုန်း၊ ရှမ်းလမ်း၊ ဗားကရာဘက်မှာ စစ်ကားနဲ့ ရဲကားတွေ လှည့်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်နှင့်ရဲက စစ်ဆေးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article