30 C
Yangon

ပေါင်းတည်မြို့နယ်တွင် စစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၁ ဦး ဒဏ်ရာရ၊ သဲကုန်းမြို့နယ်တွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ပေါင်းတည်မြို့နယ်တွင် စစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၁ ဦး ဒဏ်ရာရ၊ သဲကုန်းမြို့နယ်တွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၆

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်ရာ စစ်သား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၃၆၀၁ PPDF တပ်ရင်းဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် ကျောက်တံခါးရွာနှင့်အလယ်ရွာကြားတွင် ပြည်သူများကို ဖမ်းဆီးပြီး လူသားဒိုင်း ပြုလုပ်၍ ရုပ်ဆိုင်ရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၁ တပ်ရင်း Sniper အဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁ ဦး ထိမှန်ခဲ့​ပြီး ဒဏ်ရာရ စစ်သားကို ပုခက်ဖြင့် ထမ်းကာ သိမ်ကုန်းတာဝါတိုင်စခန်းကို ခေါ်ဆောင်သွားခဲ့ကြောင်း၊ သေဆုံးခြင်း ရှိ မရှိ ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း သိရှိရသည်။

ယင်း ပစ်ခတ်တိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်တပ်ဘက်က လက်နက်ကြီး လက်နက်ငယ်များနှင့် ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဌာနအသီးသီးမှ ဝန်ထမ်းများအားလုံးအချိန်မီ ပြည်သူ့ရင်ခွင်ခိုလှုံ၍ အမြန်ဆုံး အလင်းဝင်ကြရန်နှင့် ပြင်းပြင်းထန်ထန်အရေးယူမှုများ လုပ်ဆောင်နေပြီဖြစ်၍ အချိန်မီ အလင်းဝင်ကြရန် နောက်ဆုံးအကြိမ် သတိပေးကြောင်းလည်း ၃၆၀၁ PPDF တပ်ရင်းဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ဆင်မီးဆွဲတိုက်နယ်၊ညောင်ကုန်းအုပ်စု၊ အင်ပင်လှရွာမှ အကြမ်းဖက်စစ်တပ်၏ သတင်းပေး၊ ပျူစောထီးသင်တန်းဆင်း မောင်မောင်လွင်ကို သဲကုန်းမြို့နယ် နွားလည်ကြိုးဝိုင်းတစ်နေရာတွင် ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ၃၆၀၁ PPDF တပ်ရင်းဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇန်နဝါရီ ၃ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် ပြည်ခရိုင်တပ်ရင်း(၃၆၀၁ PPDF)တပ်ဖွဲ့ တပ်ခွဲ(၃) Wisdomအဖွဲ့က သေနတ်နှင့် ၃ ချက်ပစ်ကာ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ မောင်မောင်လွင်မှာ သဲကုန်းမြို့ပေါ်နှင့် ပတ်ဝန်းကျင်ရွာများရှိ တော်လှန်ရေးရဲဘော်များနှင့် ထောက်ပို့များကို အကြမ်းဖက်စစ်တပ်ဖမ်းဆီးခံရစေရန် သတင်းပေးနေသူဖြစ်ပြီး ကိုယ်တိုင်လည်းပျူစောထီးသင်တန်းဆင်းတစ်ယောက်ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article