ဖားကန့်မြို့နယ် ဝှေခါကျေးရွာှနင့် နမ့်တိမ်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA၊ PDF ပူးပေါင်းတပ်များ က တိုက်ခိုက်သိမ်းပိုက်
ရန်ကုန်၊ ဇန်နဝါရီ ၆
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဝှေခါကျေးရွာှနင့် နမ့်တိမ်ရှိ စစ်ကောင်စီတပ်စခန်းများ ကို KIA၊ PDF ပူးပေါင်းတပ်များ က တိုက်ခိုက်သိမ်းပိုက် လိုက်ကြောင်း KIA တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၄ နာရီအချိန် ဖားကန့်မြို့နယ် ဝှေခါရွာရှိ စစ်တပ်စခန်းကုန်းနှင့် ရဲစခန်းကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် နမ့်တိန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကိုလည်း သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။
“ဖားကန့်ဘက်မှာ ဒီနေ့ မနက် ၆နာရီ၂၀ မိနစ် ကတည်းက တောက်လျောက် လက်နက်ကြီးတွေနဲ့ ချနေကျတယ်။ လေယာဉ်တွေနဲ့လည်း ဗုံးကျဲချတယ်။ နမ့်တိန်နဲ့ ဝေခါဘက်လည်း စစ်တပ်နဲ့ ဗုံးကျဲချနေတယ်” ဟု ဖားကန့်မြို့ခံတစ်ဦးက ဆိုသည်။
KIA သတင်းရင်းမြစ်ကမူ PDF ၊ KIA ပူးပေါင်း၍ ဝှေခါကျေးရွာနှင့် နမ်တိန်ဘက်မှ စစ်ကောင်စီတပ်စခန်းများကို သိမ်းဆည်းရရှိခြင်းမှာ ဟုတ်မှန်ကြောင်း၊ အရှင်းဖမ်းဆီး ရရှိသော စစ်သုံ့ပန်းများလည်းရှိကြောင်း ပြောဆိုသည်။
