30 C
Yangon

ယင်းမာပင်မြို့ရှိ စစ်တပ် တပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံးနှင့် သစ်တောရုံးတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ယင်းမာပင်မြို့ရှိ စစ်တပ် တပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံးနှင့် သစ်တောရုံးတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်တွင် ယင်းမာပင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်နှင့်ရဲများ အထိုင်ချ တပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံးနှင့် သစ်တောရုံးတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမ ၊ ၈၀ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Monywa Inventorနှင့် Triple Two နှစ်ဖွဲ့နှင့်အတူ အခြားမဟာမိတ်များဖြစ်ကြသည့် B E R F၊ Chindwin Toe Na Yar ၊ Monywa Inventer ၊ Black Eagle Revolution Force ၊ Triple Two မဟာမိတ်ပူးပေါင်းအဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက် အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article