32 C
Yangon

သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၄ ဦးဒဏ်ရာရပြီး နေအိမ် ၆ လုံး ပျက်စီး

Must read

သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၄ ဦးဒဏ်ရာရပြီး နေအိမ် ၆ လုံး ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၆

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၆ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

ဇန်နဝါရီလ ၁ ရက် နံနက် ၁ဝ နာရီ မိနစ်၂၀ အချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ အမှတ် ၉ ခြေမြန်တပ်ရင်းမှ သထုံမြို့နယ်၊ ဝီးယောက်ကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ရာ ထုံးဘိုကြီးရွာ၌ လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲပြီး အသက် ၉ နှစ်အရွယ် စောကောင်းခန့်ကျော်၏ ဘယ်ခြေသလုံးကို လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာခဲ့ပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ ကလည်း အာဏာသိမ်းအကြမ်းဖက် စစ် ကောင်စီတပ် တိုင်တရာ အမတ-၄၀၂ တပ်ရင်းမှ သထုံမြို့နယ်၊ အစူးအင်းကျေးရွာထဲသို့ လက်နက် ကြီး ၇ လုံးပစ်ခတ်ခဲ့ရာ လူနေအိမ် ၂ လုံး ပျက်စီးခဲ့ပြီး နွား ၂ ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီ၏ ခလရ ၈ တပ်ရင်းနှင့် အမတ ၃၁၄ တပ်ရင်းတို့မှ သထုံမြို့နယ်၊ ဒေါက်ရပ်ကျေးရွာထဲသို့ လက်နက်ကြီး ၈ လုံး ပစ်ခတ်ခဲ့ရာ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article