30 C
Yangon

မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာ ဇရပ်အတွင်း ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သား များကို မိုင်းဆွဲတိုက်ခိုက်မှု ၃ ဦးသေဆုံး

Must read

မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာ ဇရပ်အတွင်း ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သား များကို မိုင်းဆွဲတိုက်ခိုက်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၆

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာ ဇရပ်အတွင်း ကင်းပုန်းဝပ်နေသော စစ် ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မတ္တရာ မျိုးမှန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၆ ရက် နံနက် ၃ နာရီ မိနစ် ၃၀ ခန့်က မတ္တရာမြို့နယ်၊ မန္တလေး – မိုးကုတ် လမ်းမကြီး အရှေ့‌ကျောက်တံတားကျေးရွာဘုန်းကြီးကျောင်းထိပ်၌ အထိုင်ချပြီး မန္တလေး -မိုးကုတ် လမ်းပိုင်းပေါ်တွင် ဂိတ်ချစစ်ဆေးခြင်း၊ ကင်းလှည့်ပတ်ခြင်းလုပ်ဆောင်နေသည့် အကြမ်းဖက်စစ် ကောင်စီတပ်သားများအနက် ကျေးရွာထိပ် ဇရပ်အတွင်း ညအိပ်ကင်းပုန်းဝပ်နေသော အကြမ်း ဖက်စစ်ကောင်စီတပ်သား ၅ ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျောက်တံတားမှတော့ အထိုင်ချထားတာ လနဲ့ချီပြီးကြပါပြီ၊ ၈ လ ၉ လလောက်တော့ရှိသွားပြီ၊ ကျောက်တံတားကျေးရွာ ဘုန်းကြီးကျောင်း ထိပ်မှာ ထိုင်တယ်၊ အဲဒီကျောက်တံတားကျေးရွာ အတွ င်းမှာ ထိုင်တဲ့ စခတွေက နေ့ ခင်းနေ့လည်မှာ ဆိုရင်တော့ မန္တလေး -မိုးကုတ်လမ်းမကြီး ပေါ်မှာ ဂိတ်တွေချပြီးတော့ စစ်ဆေးလေ့ ရှိတယ်၊ ညပိုင်း ဆိုရင်တော့ သူတို့က ကင်းပုန်းတွေဝယ်တယ်၊ ကင်းလှည့်တဲ့အနေအထားတွေရှိတယ်၊ အမှန်အတိုင်း ခေါ်ရင်တော့ မန္တလေး -မိုးကုတ်လမ်းမကြီး ကျောက်တံတားလမ်းကွေ့လို့ခေါ်တာပေါ့၊ အဲဒီနေရာက တော့ ညစဉ် ၁၂ ယောက်လောက် ကင်း ပတ်လေ့ရှိတယ်၊ အဲဒီလမ်းတွေမှာ ကင်းပုန်းချလေ့ရှိတာပေါ့၊ ကျနော်တို့က ကြိုတင်လေ့လာပြီးတော့ ညအိပ်တဲ့ ဇရပ်ထဲမှာ မိုင်းထောင် ထားခဲ့တာ၊ ဒီမနက် ၃ နာ ရီ ခွဲ လောက်တော့ မိုင်းကိုဖောက်ခွဲ လိုက် တယ်၊ မိုင်းဖောက်ခွဲလိုက်တဲ့အချိန် မှာ ဒီဇရပ်ထဲမှာ ၅ ဦးရှိ တယ်၊ တစ်ဦးက ပွဲချင်းပြီးသေ တယ်၊ နောက်တစ်ဦးက ဆေးခန်းခေါ်သွားရင်းနဲ့ ဆေးခန်းရောက် ခါနီး မှာသေတယ်၊ နောက်တစ်ဦး က မနက် ၈ နာရီလောက်မှာ တစ်ယောက်ထပ်သေတယ်၊ ၂ ဦးက တော့ ဒဏ်ရာအပြင်းအထန်ရရှိ တယ်၊ စခအသေတွေကို မတ္တရာဘက်ကိုပဲ သယ်သွားကြတယ်၊” ဟု မတ္တရာ မျိုးမှန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် နံနက် ၇ နာရီခန့်တွင် မတ္တရာမြို့မှ ကားလေး ၆ စီး၊ လိုက်ထရပ် ၂ စီး ဖြင့် စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီး ကျောက်တံတားကျေးရွာအရှေ့ဘက် လက်ဝဲကြီး၊ လမိုင်းနေရာများကို စစ်ကြောင်းထိုးခဲ့ပြီး မွန်းလွဲ ၁ နာရီခွဲခန့်တွင် ပြန်ဆုတ်သွားကြောင်း ကျောက်တံ တားကျေးရွာ တပ်ရင်း တစ်ရင်းနီးပါး အင်အားရှိကြောင်း ရှိကြောင်း သိရသည်။

မတ္တရာမျိုးမှန်တပ်ဖွဲ့အနေဖြင့် ယနေ့ အချိန်အထိ စစ်ဆင်ရေးပေါင်း ၉၅ ခု ဖော်ဆောင်ထားနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၄၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article