30 C
Yangon

ကွတ်ခိုင်နှင့် နောင်ချို တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ၊ နမ္မတူတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု လူနေအိမ် ၅ လုံး ပျက်စီး

Must read

ကွတ်ခိုင်နှင့် နောင်ချို တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ၊ နမ္မတူတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု လူနေအိမ် ၅ လုံး ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်နှင့် နောင်ချိုမြို့နယ်တို့ရှိ အကြမ်းဖက် စစ်တပ် စခန်းများကို TNLA နှင့်ပူးပေါင်း တပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့တွင် ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်နေပြီး နောင်ချိုမြို့နယ်၊ ကျောက်မဲလေး ကျေးရွာတွင်လည်း အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် PSLF/TNLA ၊MDY PDF ပူပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်၊ ကျောက်မဲလေးကျေးရွာအနီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က Mi35 ဖြင့် ၂ ကြိမ်၊ Jet Fighter ဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့သည့်အပြင် လွယ်ဆိုင်တောင်အနီးတဝိုက်ကိုလည်း Jet Fighter ဖြင့် ၄ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ၆၈ ဂိတ်တပ်မှ ပန်ဖတ်ကျေးရွာ အနီးတဝိုက်ကို လက်နက်ကြီးဖြင့် ၁၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် နောင်ချိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်ကလည်း သုံးဆယ်ကျေးရွာကိုလက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်၊ ကွတ်ခိုင်ဗျူဟာကုန်းစခန်းကို စစ်ကောင်စီတပ်က ထောက်ပို့လေယာဥ် Y12 ဖြင့် ၁ ကြိမ် လက်နက်ခဲယမ်းများ လာရောက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီ ၅ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၂၀ ခန့်က နမ္မတူမြို့နယ်၊ ကုန်းဆာကျေးရွာသစ်ကို အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ၂ ကြိမ်၊ Y12 ဖြင့် ၁ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း၊ ထို့ပြင် ည ၉ နာရီ ဝန်းကျင်တွင် Jet Fighter ဖြင့် ၁ ကြိမ် ထပ်မံလာ ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် မန်ဆာကျေးရွာသား ၁ ဦး၊ တအာင်း တပ်မတော် TNLA ရဲဘော် ၁ ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၅ လုံး ကျည်စထိမှန် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article