32 C
Yangon

လောက်ကိုင်ဒကစ၊ ဆက်သွယ်ရေးတပ်ရင်း ၄ ဒုတပ်ရင်းမှူးရုံးခန်းတွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ လာရောက် မတိုက်ခိုက်စေရန် မျောက်သုံးကောင်ဓာတ်ပုံကို ဇောက်ထိုး ချိတ်ဆွဲထားသော ယတြာတွေ့ရှိရ

Must read

လောက်ကိုင်ဒကစ၊ ဆက်သွယ်ရေးတပ်ရင်း ၄ ဒုတပ်ရင်းမှူးရုံးခန်းတွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ လာရောက် မတိုက်ခိုက်စေရန် မျောက်သုံးကောင်ဓာတ်ပုံကို ဇောက်ထိုး ချိတ်ဆွဲထားသော ယတြာတွေ့ရှိရ

ရန်ကုန်၊ ဇန်နဝါရီ ၇

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA က သိမ်းပိုက်ရရှိထားသော လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်( ဒကစ)၊ ဆက်သွယ်ရေး တပ်ရင်း ၄ ရုံး၊ ဒုတပ်ရင်းမှူးရုံးခန်းတွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ လာရောက် မတိုက်ခိုက်စေရန် မျောက်သုံးကောင်ဓာတ်ပုံကို ဇောက်ထိုး ချိတ်ဆွဲထားယတြာတွေ့ရှိရကြောင်း MNDAA သတင်းရင်းမြစ်ထံမှ သိရှိရသည်။

အဆိုပါမျောက်သုံးကောင်၏ဓာတ်ပုံကိုဇောက်ထိုး ချိတ်ဆွဲထားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ မေးမြန်းရာ မြောက်ပိုင်းမဟာ မိတ် ၃ ဖွဲ့ လာရောက် မတိုက်ခိုက်စေရန် အထက်က ညွှန်ကြားသည့် ယတြာဖြစ်ကြောင်း သိရှိရသည်။

“လောက်ကိုင် ဒကစ ရဲ့ ဆက်သွယ်ရေးတပ်ရင်း ၄ ဒုတပ်ရင်းမှူး ရုံးခန်းမှာ ချိတ်ထားတဲ့ ယတြာ။ မျောက်သုံးကောင်ပုံ ဇောက်ထိုးဆွဲပြီး ပြတင်းပေါက်မှာ သံနဲ့ ရိုက်ထားတာ” ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်ထံသို့ ယင်းကဲ့သို့ ယတြာချေရန် ညွှန်ကြားခြင်းရှိ၊ မရှိ မေးမြန်းရာ မျောက်သုံးကောင် ဓာတ်ပုံ ဇောက်ထိုး ချိတ်ဆွဲခိုင်းသည့် ယတြာကို အမှန်တကယ်ပင် စစ်ရုံးက ညွှန်ကြားချက်ဖြင့် ပြုလုပ်ခိုင်းခဲ့ကြောင်း၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တပ်များအားလုံးတွင် မျောက်သုံးကောင် ဓာတ်ပုံကို ဇောက်ထိုးချိတ်ဆွဲ၍ ပြတင်းပေါက်တွင် ထားရန် နုတ်မိန့်ဖြင့် ညွှန်ကြားခဲ့ကြောင်း၊ တစ်နိုင်ငံလုံးတွင်မူ ကိုးနဝင်း ယတြာ အဖြစ် နိုဝင်ဘာလ ၈ ရက်နေ့မှ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ မဟာသမယသုတ်နှင့် ပရိတ်ကြီး ၁၁ သုတ် ရွတ်ဖတ်ခြင်း၊ ကျောက်ကျော၊ ဘယာကြော်နှင့် မုန့်လုံး ရေပေါ် များ နံနက် ၉ နာရီမတိုင်ခင် ကပ်လှူခြင်းများ ပြုလုပ်ရန် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

” နိုဝင်ဘာလဆန်းပိုင်းတုန်းက မဟာသမယသုတ်နဲ့ ပရိတ်ကြီး ၁၁ သုတ်ရွတ်ပြီး ကျောက်ကျော၊ ဘယာကြော်၊ မုန့်လုံးရေပေါ် တွေ ကပ်လှူခိုင်းတာ မှတ်မိဦးမယ်ထင်တယ်။ အဲဒီညွှန်ကြားစာ လျှို့ဝှက်ကို ခေတ်သစ်မှာ ဖော်ပြခဲ့ဖူးတယ်။ အဲဒီတုန်းက ရှမ်းမြောက်က တပ်တွေ အကုန်လုံးကို မျောက်သုံးကောင်ဓာတ်ပုံ ဇောက်ထိုး ထားဖို့ နှုတ်မိန့်နဲ့ ညွှန်ကြားခဲ့တာ” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ ယတြာတွင် မျောက်သုံးကောင်သည် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကို ရည်ညွှန်ခြင်းဖြစ်ကြောင်း သိရှိရပြီး စစ်ကောင်စီက ယတြာချေခဲ့သည့် ရှမ်းပြည်မြောက်ပိုင်းရှိ တပ်များအားလုံးမှာ ယခုအခါ MNDAA ၊ AA နှင့် TNLA လက်အောက်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article