30 C
Yangon

မြိုင်မြို့နယ်တွင် ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စစ်တပ် တပ်စွဲနေရာများသို့ ရော့ကတ်ဗုံးသီး ၂၀၀ ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်၊ ပခုက္ကူမြို့နယ်၊ တင်းဂါတ်စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ

Must read

မြိုင်မြို့နယ်တွင် ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စစ်တပ် တပ်စွဲနေရာများသို့ ရော့ကတ်ဗုံးသီး ၂၀၀ ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်၊ ပခုက္ကူမြို့နယ်၊ တင်းဂါတ်စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ

ရန်ကုန်၊ ဇန်နဝါရီ ၇

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စစ်တပ် တပ်စွဲနေရာများသို့ ရော့ကတ်ဗုံးသီး ၂၀၀ ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိုင်ဒေသမှ တော်လှန်ရေးတပ်ဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၅ နာရီအချိန်မှ ညနေ ၆ နာရီခွဲအချိန်အထိ မြိုင်မြို့နယ် (Rocket) လက်နက်ကြီး မဟာမိတ်အဖွဲ့များ ပူးပေါင်းပြီး မြိုင်မြို့နယ်၊ မြို့မ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် စစ်ကောင်စီတပ်များ ခိုအောင်းနေသော နေရာများသို့ Rocket ဗုံးသီး ၂၀၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြား ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို နှလုံးလှလူမိုက်၊ ဆင်ရိုင်းရာဇာ၊ ဘာမထီ၊ MPL တိုက်နယ် ၄၊ ထိရှ၊ နေမင်း၊ ကင်းကြီး၊ ဗိုလ်မိုးသီး၊ ပြောင်ကြီး၊ ဖိုက်တာမြွေဆိုး၊ PRDF ၊ RDF၊ PCM၊ အညာမုန်တိုင်း၊ အညာဒေါင်း၊ GEN 21၊ MVRF ရင်း ၆၊ သာထူး၊ နှင်းဂွေး၊ ဦးလေးကြီး၊ ဗိုလ်ညို၊ တိုးကြီး၊ ရင်း ၁၅၊ သိမ်းငှက်နီ၊ ရွာသစ်ကြီး၊ ဇီးဖြူပင်၊ ကံမ စသည့်အဖွဲ့များအပြင် လက်နက်ငယ်အဖွဲ့များဖြစ်သည့် သူရိန်၊ ဦးဇင်းလေး၊ ဗိုလ်တစ်ထောင်ပြောက်ကျား – မြိုင် ပကဖ ခွဲ-၃ နှင့် ဒေါင်းအလံလွှင့်မည့် စေတမာန် စသည့် အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၄ ရက်နေ့၊ နံနက် ၁၁ နာရီ ဝန်းကျင်အချိန် မကွေးတိုင်း ပခုက္ကူမြို့နယ်၊ တင်းဂါတ်ကျေးရွာအနီး၊ ပခုက္ကူ-ပေါက် လမ်းမပေါ်ရှိ ငွေတောင်း ကြမ်းသည်ဟု အမည်သတင်းမွှေးနေသော စစ်တပ်နှင့် ပြည်သူ့စစ် စစ်ဆေးရေးဂိတ် (တင်းဂါတ်ပျူစောထီးဂိတ်) ကို Drone ဗုံးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ ဂိတ်သည် ခရီးသွား ပြည်သူတစ်ဦးဖြတ်လျှင် ငွေကျပ် ၅၀၀၀ ကျပ်နှုန်း အတင်းအဓမ္မတောင်းရမ်းနေပြီး အနိုင်ကျင့် ဗိုလ်ကျ မိုက်ရိုင်းနေသော ဂိတ် ဖြစ်ကြေင်း၊ ထို့ကြောင့် ဒရုန်း ဖြင့် ၁ ဒသမ ၅ ကီလိုဂရမ် ဗုံးသီးအကြီး နှစ်လုံးအသုံး ပြုကာ ဝေဟင် မှ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်သားများ ထိခိုက်ဒဏ်ရာများ ရရှိကြကာ ပခုက္ကူဆေးရုံသို့ သွားရောက် ကုသနေကြောင်း၊ ထိုတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ Black Cobra၊ Young Force UG နှင့် Pku Thurain တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စစ်ကြောင်း လှည့်လည်စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article