30 C
Yangon

စစ်ကောင်စီတပ်စွဲထားသော ဝေါ်လေဗျူဟာကုန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ အထိနာ

Must read

စစ်ကောင်စီတပ်စွဲထားသော ဝေါ်လေဗျူဟာကုန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ အထိနာ

ရန်ကုန်၊ ဇန်နဝါရီ ၇

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသော ဝေါ်လေဗျူဟာကုန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ အထိနာနေကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့ မြ၀တီမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသော ဝေါလေဗျူဟာကုန်းသည် မြဝတီမြိုတောင်ဖက် ဝေါလေမြိုနှင့်ကပ်လျှက်ရှိသည့် နေရာတွင်တပ်စွဲထားခြင်းဖြစ်ပြီး KNDO တပ်ရင်း ၈ နှင့် Federal Wings ဒရုန်းတပ်ဖွဲ့တို့က ဇန်နဝါရီလ ၁ ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် အာဏာသိမ်း စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရရှိကာ အထိနာနေကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်များ တပ်စွဲထားသော ဝေါ်လေဗျူဟာကုန်းသည် မကြာခဏ ဆိုသလို ပြည်သူများနေထိုင်ရာ ဒေသများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိသည် ဟု ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။

အလားတူ ဝေါလေဗျူဟာကုန်း အနီးရှိ အာဏာသိမ်း စစ်ကောင်စီ၏ စခန်းကုန်းများဖြစ်သော ကနဲလေး၊မော်ခီး၊ထီးကပလယ် စခန်းကုန်းများတွင်လည်း စစ်ကောင်စီတပ်များ တပ်စွဲထားပြီး တော်လှန်ရေးတပ်များက မကြာခဏ ဆိုသလို တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက တိုက်ခိုက်ရေး ဒရုန်းကို လွှတ်တင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article