26 C
Yangon

ရေးမြို့နယ်ရှိ ခေါဇာရဲစခန်း တစ်ခုလုံးကို ရေးဘီးလူးအဖွဲ့က မီးရှို့ရှင်းလင်း

Must read

ရေးမြို့နယ်ရှိ ခေါဇာရဲစခန်း တစ်ခုလုံးကို ရေးဘီးလူးအဖွဲ့က မီးရှို့ရှင်းလင်း

ရန်ကုန်၊ ဇန်နဝါရီ ၇

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ရှိ ခေါဇာရဲစခန်းကို ယနေ့ ဇန်နဝါရီ ၇ ရက်နေ့ နံနက်အစောပိုင်းတွင် မီးရှို့ရှင်းလင်းခဲ့ကြောင်း ရေးဘီးလူးအဖွဲ့ ခေါင်းဆောင်ထံမှ သိရှိရသည်။

ခေါဇာနယ်မြေ ရဲစခန်း တစ်ခုလုံးကို မီးရှို့ဖျက်ဆီးလိုက်ခြင်း ဖြစ်ပြီး ရဲစခန်းနှင့် အကြမ်းဖက်စစ်တပ်၏ တပ်ရင်း နီးကပ်သော်လည်း ထွက်မလာရဲကြောင်း ရေးဘီးလူးအဖွဲ့ ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ကျွန်တော်တို့ စခန်းရှို့နေချိန် တပ်ရင်းထဲမှာရှိနေတာပါ။ ရဲစခန်းနဲ့ တပ်ရင်းမဝေးပါဘူး ထွက်လာမရဲတာပါ။ စခန်းကိုတောင် မလာရဲပါဘူး”ဟု ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ရေးဘီးလူးအဖွဲ့သည် ခေါဇာမြို့ရဲစခန်းကို ၂၀၂၂ ခုနှစ်ကလည်း တပ်ကြပ်တစ်ဦး၊ တပ်သား တို့ကို ဝင်ရောက်ရှင်းလင်းခဲ့ဖူးပြီး ဂန်းတို ၁ လက်၊ အရှည် ၂ လက် ရခဲ့ဖူးကြောင်း ရေးဘီးလူးအဖွဲ့ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article