အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဇန်နဝါရီ ၇
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “ဓမ္မပြည်သူနဲ့ ပြန်လည်ပူးပေါင်းပြီး လက်နက်ချမလား?၊ အဓမ္မအာဏာရှင်နဲ့ဆက်လက်မိုက်ပြီးအသက်သေခံမလား?စဥ်းစားပါ။” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

