စစ်ကောင်စီက ပြည်ပရောက် မြန်မာများထံမှ တရားမဝင် ဝင်ငွေအခွန် ကောက်ခံမှုကို ကန့်ကွက်ပြီး သွေးစွန့်းအခွန်ဖြတ်တောက်ရာတွင် ပူးပေါင်း ပါဝင်ရန် ပြည်ပရောက် မြန်မာများကို အဖွဲ့ ၁၆ ခုက တောင်းဆို
ရန်ကုန်၊ ဇန်နဝါရီ ၈
ပြည်ပရောက်မြန်မာနိုင်ငံသားများအနေဖြင့် အကြမ်းဖက် စစ်အုပ်စုက လစာ ဝင်ငွေ အပေါ် ဝင်ငွေခွန်ကောက်ခံသည့်အပေါ် အပြင်းအထန် ကန့်ကွက် ကြောင်း ထုတ်ဖော်ပြသရန်၊ အကြမ်းဖက် စစ်အုပ်စု၏ သွေးစွန်းငွေ၊ သွေးစွန်း အခွန်များ ဖြတ်တောက်ရာတွင် ပူးပေါင်းပါဝင်ကြရန် ပြည်တွင်း ပြည်ပရှိ အဖွဲ့ အစည်းပေါင်း ၁၆ ခုက ပြည်ပရောက် မြန်မာနိုင်ငံသားများကို တိုက်တွန်း တောင်းဆိုသည်။
အကြမ်းဖက် စစ်ကောင်စီက ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့မှ စ၍ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေတစ်ရပ် တရားမဝင် ပြဋ္ဌာန်း ခဲ့ကာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစကာ ပြည်ပမှ ရရှိသည့် လစာ၀င်ငွေ အပေါ် မူတည်ပြီး ဝင်ငွေခွန် စည်းကြပ် ကောက်ခံရန် ကြိုးစား နေခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တရားမဝင် ဥပဒေသည် ပြည်ပတွင် အလုပ်လုပ်နေသူ မြန်မာ နိုင်ငံ သားများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုလက် အောက် ခံ သံရုံးများတွင် ပတ်စ် ပို့စ် သက်တမ်းတိုးချိန်၌ သွေးစွန်းခွန်များ ဆောင်မှသာလျှင် လက်ရှိ ရောက် ရှိနေသော နိုင်ငံများတွင် ဆက် လက် နေထိုင်ခွင့် ဗီဇာရရှိခြင်း၊ မြန်မာနိုင်ငံသို့ ပြန်လာခွင့် ရရှိနိုင်ခြင်းစသည့် အကျပ်အတည်းများရင်ဆိုင်ရစေရန် လုပ် ဆောင် ထားခြင်းဖြစ်သည်။
သို့ရာတွင် ပတ်စ်ပို့သက်တမ်း ကုန်ဆုံးနေသော်လည်း Visa သက်တမ်း ထုတ် ပေး တိုးပေးသည့်နိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာ နိုင်ငံ သားများ အနေနှင့် ကလေးငယ်များနှင့် ပြည်သူများကို နေ့စဉ် သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီထံ သွေးစွန်းအခွန်များ မစီးဆင်းစေရေး၊ ဖြတ် တောက်စေရေးအတွက် အတူတူတိုက်ပွဲဝင်ကြရန် တောင်းဆိုထားသည်။
အကြမ်းဖက်စစ်ကောင်စီ ကောက်ခံမည့် အခွန်ငွေများသည် ပြည်သူများကို ဆက်လက် သတ်ဖြတ်ရန် အသုံးပြုမည့် ကျည်ဆန်ဖိုးများ၊ လေယာဉ်ဆီဖိုးများ အဖြစ်စီးဆင်းသွားမည့် သွေးစွန်းခွန်များ ဖြစ်၍ ပြည်ပရောက်မြန်မာ များ အနေဖြင့် ဉာဏ်အားသင့်သလို မျက်စိဖွင့် နားစွင့်ပြီး တတ်နိုင်သည့် နည်းလမ်း များဖြင့် ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်ပေးကာ အမြန်ဆုံး သွေးစွန်းအခွန်များ ဖြတ်တောက်မှသာ နွေဦးတော်လှန်ရေးအမြန်ဆုံး အပြီးသတ်နိုင် မည်ဖြစ် ကြောင်းလည်း ပြည်ပသို့ ပေးစာတွင် ဖော်ပြထားသည်။
အဆိုပါ ပြည်ပသို့ ပေးစာ တောင်းဆိုစာကို Basic Education Students and Youths Association (BESYA)၊ Blood Money Campaign၊ CRPH Support Group, Norway၊ CRPH, NUG Support Team Germany- Deutschland၊ Democratic Youth Council၊ Federal Health Workforce၊ General Strike Coordination Body၊ Global Myanmar Spring Revolution၊ KACHIN STATE CIVILIAN MOVEMENT၊ Minority Affairs Institute၊ Myanmar Muslim Revolution Force၊ Myanmar Student Union (ABFSU – USA)၊ MyaYar Knowledge Tree၊ New Power Generation၊ National Alliance Bangkok၊ Sitt Nyein Pann Foundation စသည့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်း ၁၆ ဖွဲ့က တောင်းဆို လိုက်ခြင်း ဖြစ်သည်။
ဓာတ်ပုံ- ထိုင်းနိုင်ငံရောက် မြန်မာ အပါအဝင် ပြည်ပအလုပ်သမားများ။(ပုံအဟောင်းဖြစ်ပါသည်။)
