27 C
Yangon

ပဲခူးမြို့၊ အမှတ် ၂ နယ်မြေရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ပဲခူးမြို့၊ အမှတ် ၂ နယ်မြေရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၈

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ အမှတ် ၂ နယ်မြေရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Urban Special Operation – USO မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၈ ရက် နံနက်အစောပိုင်း ၃ နာရီ မိနစ် ၃၀ ခန်ခန့်က ပဲခူးမြို့ရှိ အကြမ်းဖက် စစ် တပ်လက်အောက်ခံ အမှတ် ၂ နယ်မြေရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက် ပျက်စီးမှုအခြေအနေအသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ယင်းရဲစခန်းသည် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းကာလတလျှောက် ပြည်သူများများအား မတရား ဖိနှိပ်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုများ လက်ရှိအချိန်အထိ ပြုလုပ်နေသည်ကို ပြည်သူ့ဘက်တော် သားများမှ ပူးပေါင်းသတင်ပေးသဖြင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ နောက်နောင်ပြည်သူများ ကို မတရားမှုများပြုလုပ်ရန် ကြံဆောင်နေသော အကြမ်းဖက်စစ်အုပ်စု၏ စီးပွားရေးပိုင်ဆိုင်များအပြင် ၎င်းတို့နှင့် ပတ်သက်ဆက်နွှယ်သူများကို စစ်ရေးပစ်မှတ်တစ်ခုအဖြစ် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

“ပဲခူး ပြည်သူတွေအနေနဲ့ ပူးပေါင်းပေးဖို့နဲ့ အနှောက်အယှက် မပေးကြဖို့ သတိပေးချင်ပါတယ်။ drone ပျံသန်းတာတွေကို လစ်လျူရှုပေးဖို့ ပြောချင်ပါတယ်” ဟု Urban Special Operation – USO မှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကို Urban Special Operation – USO မြို့ပြအထူးစစ်ဆင်ရေးမှ လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ပဲခူးမြို့ရှိ မိဘပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာ ရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article