25 C
Yangon

ရခိုင်တွင် စစ်တပ်က လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပစ် ခတ်မှု များ လုပ်ဆောင်နေပြီး ပြည်သူများ ထိခိုက်ဒဏ်ရာရ ၊ စစ်တွေနှင့် အမ်း တွင် ကလေးများ အပါအဝင် ပြည်သူ ၇၀ ဦးကို စစ်တပ်က ဖမ်း ဆီး

Must read

ရခိုင်တွင် စစ်တပ်က လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပစ် ခတ်မှု များ လုပ်ဆောင်နေပြီး ပြည်သူများ ထိခိုက်ဒဏ်ရာရ ၊ စစ်တွေနှင့် အမ်း တွင် ကလေးများ အပါအဝင် ပြည်သူ ၇၀ ဦးကို စစ်တပ်က ဖမ်း ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၈

ရခိုင်ပြည် မြောက်ဦးမြို့နယ်မှ ကျေးရွာများကို ယနေ့ ဇန်နဝါရီ ၈ ရက်နေ့ နံနက်အစောပိုင်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်၏ ပစ်ခတ်မှုမှာ မြောက်ဦးမြို့နယ်၊ အိုးထိမ်းကျေးရွာသို့ ကျရောက်ခဲ့ပြီး ရွာအဝင်ရှိ ဦးဥတ္တမရုပ်တုနှင့် နေအိမ်တစ်လုံးလည်းပျက်စီးမှုရှိခဲ့သည်ဟု အိုးထိမ်း ကျေးရွာသားတစ်ဦးက ပြောသည်။

“ညဉ့်အချိန်လာချတာပါ။ ရွာအဝင်မှာရှိတဲ့ ဦးဥတ္တမရုပ်ထုထားတဲ့ ဝန်းထဲမှာ မီးတွေထွန်းထားတာရှိတယ်။ အဲ့နေရာကို ပစ်သွားတယ်။ ရုပ်ထုလည်းပျက်စီးသွားတယ်။ ပြီးတော့ အိမ်တစ်ဆောင်မှာကျပြီး နေအိမ်အပျက် အစီးရှိတယ်။ အိမ်မှာ လူမနေကြသေးလို့တော်သေးတယ်” ဟုပြောသည်။

ဂျက်တိုက်လေယာဥ်မှာ မြောက်ဦးမြို့နယ်ရှိ တိမ်ညို၊ အိုးထိန်း၊ သပြေကန်၊ ရွှေကျင်ပြင် စသည့်ကျေးရွာများဖက်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကျေးရွာများ၏ လယ်ကွင်းပြင်များနှင့် နေအိမ်၊ ဦးဥတ္တမရုပ်တု စသည့်တို့တွင် ကျရောက်မှုရှိခဲ့ကာ လူ၊ တိရစ္ဆာန်ထိခိုက်မှုမရှိခဲ့ဟု သိရသည်။

စစ်ကောင်စီတပ်မှ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ ညဉ်အချိန် ထိုသို့ရုတ်တရက် အရပ်သားများ နေထိုင့်နေရာသို့ ပစ်ခတ်လာမှုကြောင့် အနီးဝန်းကျင်မှ ဒေသခံများစိုးရိမ်မှုများလည်းရှိနေကြသည်ဟု တိမ်ညို ဒေသခံတစ်ဦးက ပြောသည်။

“ဘယ်နေရာကိုအဓိကထားလာ ပစ်တယ်ရယ်လို့ မဟုတ်ဘူး။ ဒီအတိုင်းပစ် ချသွားတာ။ ၂ ကြိမ်ပစ်ချခဲ့တယ်။ တစ်ကြိမ်မှာ လက်နက်ဘယ်နှလုံး လောက် ပါလဲ မသိဘူး။ တိုက်ပွဲလည်းဖြစ်တာလည်း မရှိပါဘူး။ ဒီလိုရုတ်တရက်ညဉ့် အချိန် လာပစ်တာ စိုးရိမ်စရာပဲလေ”ဟုပြောသည်။

မြောက်ဦးတွင် ယမန်နေ့ ညဉ့်အချိန်ကလည်း စစ်ကောင်စီတပ်ရင်းများက လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုရှိခဲ့ပြီး ထိုသို့ပစ်ခတ်မှုကြောင့် အနီးဝန်းကျင်မှ ဒေသခံအချို့ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့သည်။

ထိခိုက် ဒဏ်ရာ ရရှိသူများမှာ မြောက်ဦးမြို့နယ်၊ ချောင်းသစ်ရွာက အသက် ၅၆နှစ်အရွယ်ရှိ ဦးအောင်ကျော်စိန် ဇနီးဖြစ်သူ အသက် ၅၀ အရွယ်ရှိ ဒေါ် မကျန်စိန် ဖြစ်ပြီး မြောက်ဦးအခြေစိုက် စစ်ကောင်စီတပ် လက်အောက်ခံ အမှတ် (၃၁) ရဲတပ်ရင်းမှ ပစ်လိုက်ခြင်းကြောင့် ထိခိုက်ဒဏ်ရရှိခဲ့ခြင်း ဖြစ်သည်။

လတ်တလော ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့၏ ရခိုင်နှင့် ပလက်ဝဖက် နှစ်ဖက်စစ်ရေးအခြေနေမှာ ဆက်လက်တင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီဖက်မှလည်း မြို့နယ်အနှံ့ရှိ တပ်စခန်းအသီးသီးမှ မြို့ရွာများသို့ဦးတည်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဥ်ဖြင့် လာရောက်ဗုံးချခြင်းတို့ ပြုလုပ်လျက်ရှိနေသည်။

ထိုသို့ပစ်ခတ်မှုကြောင့်လည်း ချင်းပြည်နယ်ပလက်ဝအပါအဝင် ရခိုင်မှ အမ်း၊ မင်းပြား၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ ရမ်းဗြဲ စသည့်မြို့နယ်များတွင် အရပ်သားအများ အပြားသေဆုံးကာ နေအိမ်အများအပြားမီးလောင်ဆုံးရှုံးမှုရှိခဲ့ပြီဖြစ်သည်။

ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် မြောက်ဦးမြိုအခြေစိုက် “ခမရ ၃၇၇ တပ်ရင်း” က မြောက်ဦးမြိုနှင့် အနီးတစ်ဝိုက်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက် ခိုက် ခဲ့ကြောင်း၊ ထိုသို့ စစ်ကောင်စီတပ်၏ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုအတွင်း မြောက်ဦးမြို့နယ်၊ ပုရိမ် ကျေးရွာသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက် ကွဲခဲ့ရာမှ အသက် ၁၄ နှစ်အရွယ် မွတ်ဆလင်ယောကျာ်းလေး ၁ ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယမန်နေ့ ည ၈ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် စစ်ကောင်စီ၏ မြောက်ဦး အခြေစိုက် “အမှတ် ၃၁ ရဲတပ်ရင်း” က ထပ်မံပစ်ခတ်လိုက်သော လက်နက်ကြီး ကျည် ၅ လုံးအနက် ၁ လုံးမှာ မြောက်ဦးမြိုနယ်၊ ချောင်းသစ် ကျေးရွာသို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် အသက် ၅၀ နှင့်အထက် ဒေသခံဇနီးမောင်နှံ ၂ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ရကြောင်း သိရှိရသည်။

ယမန်နေ့ နံနက် ၅ နာရီကျော်အချိန်ခန့်က အင်အား ၁၀၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းလက်အောက်ခံ လက်ကိုင် တုတ် အဖွဲ့ ဝင်များက ရက္ခိုင်ပြည်၊ စစ်တွေမြို့ ၊ ဗျိုင်းဖြူကျေးရွာနှင့် သုံးဆောင် ကျေး ရွာများသို လက်နက်အပြည့်အစုံဖြင့် ဝရုန်းသုန်းကား ဝင်ရောက်လာကာ အရပ် သားပြည်သူ ၄၀ ကျော်ကို အင်အားသုံး အဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ ကြောင်း၊ တစ်ဆက်တည်းမှာပင် စစ်တွေမြို၊ ကိုးရီးယားဆိပ်ကမ်းတွင် ကုန် တင်ကုန်ချလုပ်ကိုင်နေကြသည့် အရပ်သားပြည်သူများနှင့် ဒေသခံခရီးသွား ၂၀ နီးပါးကို ဗိုလ်ကျနိုင်ထက်စီးနင်းပြုကာ ထပ်မံဖမ်းဆီးခဲကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့၊ နံနက် ၉ နာရီအချိန်ခန့်က ရက္ခိုင်ပြည်၊ အမ်းမြိုနယ်၊ ၃ မိုင်ကုန်းအနီးရှိ စပ်စိ (ကျောက်ကွင်း) ၌ စစ်ကောင်စီအခြေချထားသည့် တပ်စခန်းက အမ်းမြို၊ မဲရွာမှ အသက် ၁၂ နှစ်အရွယ် ‌ယောကျာ်းလေး ၁ ဦး အပါအဝင် အပြစ်မဲ့ဒေသခံအမျိုးသား ၁၀ ဦးကို ဖမ်ဆီးခေါ်ယူသွားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ၏ ဂျက်တိုက်လေယာဥ်ဖြင့် ပစ်ခတ်ခဲ့သည့် လက်နက် ကြီးကျည်ကို တွေ့ ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article