ပုလဲမြို့ရှိ ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ရှိ ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန် လေကြောင်းစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၆ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ပုလဲမြို့၊ ထွေအုပ်ရုံးကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ဇန်နဝါရီလ ၇ ရက်နေ့ ည ၇ နာရီ ၄၆ မိနစ်ခန့်တွင်လည်း ပုလဲမြို့၊ ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့၀င်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(4)SSTF ၊ Seven People Defense Force-Mandalay ၊ Union Brothers-UB(ပြည်သူ့အကျိုးဆောင်အဖွဲ့) ၊ ဒေါနစစ်ကြောင်း၏ဖိုးမောင်ပြန်လာပြီဇာတ်ကားထောက်ပို့အဖွဲ့ ၊ Support To Federal Democracy ၊ CONNECT နှင့် ဒေသ ပကဖအဖွဲ့များနှင့်တပ်ရင်း၊ တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။