28 C
Yangon

ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

Must read

ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၈

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဖြူးမြို့နယ် ပကဖ ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၂ နာရီအချိန်တွင် ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ အရှေ့ဘက်ရှိ လင်းယောခင်ကျေးရွာနှင့် ကွင်းဝိုင်းကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဖြူးမြို့နယ် ပကဖ Drone အဖွဲ့မှ Drone ဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ခမရ ၄၃၉ တပ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး နေရာတွင် သေဆုံးပြီး ၁ ဦး ပြင်းထန် ဒဏ်ရာရကာ ဆေးရုံးပို့ဆောင်စဥ် ထပ်မံ သေဆုံးခဲ့ကြောင်း သိရပါသည်။

ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင် ကညွတ်ကွင်းမြို့ အရှေ့ဘက်ရှိ ကွင်းဝိုင်းရွာထိပ်ရှိ အကြမ်းဖက် စစ်သားများနှင့် ရဲများကို ဖြူးမြို့နယ် ပကဖ Drone အဖွဲ့က Drone ဖြင့် ဗုံးသီးချ တိုက်ခိုက်ရာ စခန်းမှူး ၁ ဦးနှင့် စစ်သား ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂ ရက်နေ့ ည ၁၀ နာရီ ၂၂ မိနစ်ခန့်တွင်ကညွတ်ကွင်းမြို့ အရှေ့ဘက်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ-၄၃၉ အနီး ငနုသန်းတံတားထိပ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဖြူးမြို့နယ် ပကဖ Drone အဖွဲ့က Drone ဖြင့် ဗုံးသီးချတိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၃ ရက်၊ ၄ ရက်နှင့် ၅ ရက်နေ့တို့တွင်လည်း ဖြူးမြို့နယ် ပကဖ Drone အဖွဲ့က အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ထပ်မံ ဗုံးသီချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း၊ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၃ နာရီ ၃၀မိနစ်ခန့်တွင် ဖြူးမြို့နယ် ပကဖ Drone အဖွဲ့က ယောခင်ကျေးရွာရှိ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး KNLA ပူးပေါင်းအဖွဲ့က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဆုတ်ခွာ ထွက်ပြေးကြောင်း သိရပါသည်။

အကြမ်းဖက် စစ်တပ် ကျဆုံး အမြစ်ပြတ်သည့်အထိ ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က နည်းလမ်းပေါင်းစုံသုံး၍ အစဉ်တစိုက် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ဖြူးမြို့နယ် ပကဖ အဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article