29 C
Yangon

လောင်းလုံးမြို့နယ်၊ ညောပြင်ရွာကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

လောင်းလုံးမြို့နယ်၊ ညောပြင်ရွာကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဇန်နဝါရီ ၈

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညောပြင်ရွာကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့တွင် လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရဘဲကျေးရွာမှ ဖိုးဖိုးကျောက်ကမ်းခြေရောက်ရှိလာပြီး ညနေပိုင်းမှ စတင်ကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ညောပြင်ရွာအတွင်း ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

” အဲစစ်ခွေး စစ်ကြောင်းက သကျက်တောရွာက နေအိမ် ၄ လုံးကို မီးရှို့ပြီး အောက်ဘက်ဆင်းလာတာ ရဘဲကျေးရွာကိုလည်း ပတ်မွှေပြီး ၁ ရက်နားကြတယ်။ ဒီနေ့ မနက်မှ ဖိုးဖိုးကျောက် ကမ်းခြေရောက်လာပြီး ညနေပိုင်းမှာ ရွာထဲ ဝင် မီးရှို့တော့တာပဲ ပြည်သူတွေကတော့ ထွက်ပြေးတိမ်းရှောင်နိုင်လိုက်တယ်။ ထိခိုက်မှုမရှိဘူး” ဟု လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ညောပြင်ရွာ အနီးအဝိုက်တွင် ရှိနေကြောင်း၊ ညောပြင်ရွာကို အကြမ်းဖက် စစ်တပ်က ၂၀၂၃ မတ်လ တုန်းကလည်းရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်များ ပြန်လည်တည်ဆောက်ထားသည်မှာ မကြာသေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article