တောင်သာမြို့နယ်၊ လျှပ်စစ်ဓာတ်အားခွဲရုံစောင့် စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု ၂ ဦး သေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၈
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားခွဲရုံစောင့် စစ်ကောင်စီတပ်သား များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇန်နဝါရီလ ၈ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က တောင်သာမြို့နယ်၊ တောင်သာ – ဇဂျမ်း လမ်းမပေါ်၊ တောင်သာမြို့နှင့် ၂ မိုင်ခန့်အကွာရှိ လျှပ်စစ်ဓာတ်အားခွဲရုံစောင့် အကြမ်းဖက်စစ်ကောင် စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းပြီး အလစ်အငိုက်ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“အင်အားကတော့ ၈ ယောက်လောက်ပဲရှိတာ၊ တောင်သာမြို့ကို အဓိမီးပေးတေဲ့ ဓာတ်အားခွဲရုံ ပေါ့၊ အပြန်အလှန် ပစ်ခတ်မှုကတော့ ၅ မိနစ်လောက်ပဲ ကြာခဲ့တယ်၊ အလစ်အငိုက်ဝင်တိုက်ခဲ့တာဆို တော့၊ ၂ ဦးသေတယ်၊ ထိခိုက်မှုကတော့ မသိရသေးဘူး၊ လက်နက်လည်း ရခါနီးပေမယ့် မရခဲ့ဘူး၊ သိမ်းပိုက်လို့ရတဲ့အနေအထားဆိုတော့ပေမယ့် ကျနော်တို့ဘက်မှာက အဲလောက်အထိ လက်နက် အင်အားက မကောင်းတော့ ပြန်ဆုတ်ခဲ့ရတာ” ဟု တောင်သာမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်သာမြို့နယ် ပကဖ၊ မလှိုင်မြို့နယ် ပကဖ နှင့်မြင်းခြံခရိုင် တပ်ရင်း ၃ တို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။