28 C
Yangon

မန္တလေးတိုင်းအတွင်းရှိ မြို့နယ်များအားလုံးတွင် ဥပ္ပါတသန္တိ ပရိတ်တော်ရွတ် ဖတ် ယတြာ ချေပွဲ များ ၂၇ ရက်တိတိ ကျင်းပခိုင်း

Must read

မန္တလေးတိုင်းအတွင်းရှိ မြို့နယ်များအားလုံးတွင် ဥပ္ပါတသန္တိ ပရိတ်တော်ရွတ် ဖတ် ယတြာ ချေပွဲ များ ၂၇ ရက်တိတိ ကျင်းပခိုင်း

■ကျောက်ဆည်မြို့နယ်၊ ရွှေသိမ်တော်ဘုရားတွင် “ကမ္ဘာလုံး အေးချမ်းအောင်” ခေါင်းစဉ်ဖြင့် စစ်တပ်၊ ရဲ၊ ထွေအုပ်နှင့် ဌာနဆိုင်ရာများ ယတြာချေ၊ ယတြာချေ ပွဲအတွက် ဘုရားအလှူငွေများ ခဏယူသုံးစွဲပြီး ဘတ်ဂျက်ကျမှ ပြန်လည် ပေးသွင်းမည်ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၉

မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့နယ်၊ ရွှေသိမ်တော်ဘုရားတွင် “ကမ္ဘာလုံး အေးချမ်းအောင်” ခေါင်းစဉ်ဖြင့် စစ်တပ်၊ ရဲ၊ ထွေအုပ်နှင့် ဌာနဆိုင်ရာများက ယနေ့ ဥပ္ပါတသန္တိ ပရိတ်တော် ရွတ်ဖတ် ယတြာချေပွဲ ပြုလုပ်ကြကြောင်း သိရှိရသည်။

ယနေ့ ဇန်နဝါရီ ၉ ရက်နေ့တွင် ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုဦးစီးမှူး တိုက်ကြီးအောင်၊ စစ်တပ်မှ အရာရှိများ၊ ရဲအရာရှိများ၊ ဌာနဆိုင်ရာများက “ကမ္ဘာလုံး အေးချမ်းအောင်” ခေါင်းစဉ်ဖြင့် ဥပ္ပါတသန္တိ ပရိတ်တော်ကို ၂၇ ရက်တိတိ ရွတ်ဖတ် ရမည်ဖြစ်ကြောင်း သိရှိရသည်။

“ကျောက်ဆည်မြို့နယ် ရွှေသိမ်တော်ဘုရားမှာ ဓာတ်ရိုက် ဓာတ်ဆင် တွေလာလုပ်တယ်။ ဒီနေ့ဖွင့်ပွဲလုပ်သွားပြီ။ ဌာနဆိုင်ရာတွေအများကြီးလာပြီး စစ်ခွေးရော ရဲခွေးတွေရောပါတယ်။ ဘုရားဂေါပကတွေကိုအစည်းအဝေးခေါ် အမိန့်ပေးပြီး ထွေ/အုပ်ဒုဦးစီးမှူး တိုက်ကြီးအောင်တို့ကဦးစီးဦးဆောင်လုပ်တာ။ လောလောဆယ် ဘုရားအလှူငွေတွေထုတ်သုံးနေကြတာ။ နောက်မှ ဘတ်ဂျက် ရမှ ပြန်ပေးမယ်” ဟု ဌာနဆိုင်ရာ သတင်းရင်းမြစ်တစ်ခုက ပြော သည်။

အဆိုပါ ဥပ္ပါတသန္တိ ပရိတ်တော် ရွတ်ဖတ် ယတြာချေပွဲများကို မန္တလေးတိုင်း အတွင်းရှိ မြို့နယ်များအားလုံးတွင် တစ်ပြိုင်နက်တည်း ၂၇ ရက်တိတိ လုပ် ဆောင်ရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

စစ်ကောင်စီက အမိန့်ခိုင်းစေထားသည့် ဥပ္ပါတသန္တိ ပရိတ်တော် ရွတ်ဖတ် ယတြာချေပွဲများတွင် ထားရှိရမည့် ဘုရားရုပ်တု၊ နတ်မင်းကြီးများ ပုံများကို လည်း စနစ်တကျ ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article