28 C
Yangon

ဘောလခဲခရိုင် ရဲတပ်ဖွဲ့မှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

Must read

ဘောလခဲခရိုင် ရဲတပ်ဖွဲ့မှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ရန်ကုန်၊ ဇန်နဝါရီ ၉

ကရင်နီပြည်နယ်၊ ဘောလခဲမြို့၊ ဘောလခဲခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း KNDF ဗဟိုက ထုတ်ပြန်သည်။

ဇန်နဝါရီလ ၅ ရက် နေ့က ဘောလခဲမြို့ရှိ ခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်သားတစ်ဦးသည် အကြမ်းဖက်စစ် ကောင်စီ၏ လက် အောက်၌ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိသဖြင့် KNDF ထံ ဆက်သွယ်ကာ AK-22 သေနတ်တစ်လက်အားယူဆောင်ပြီး ဘက်ပြောင်းခိုလှုံလာခြင်းလာခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆက်သွယ်လာသည့် ရဲတပ်သားကို KNDF မှ သွား ရောက် ခေါ်ဆောင်ခဲ့ပြီး ၎င်းမှ လက်နက် အပ်နှံခဲ့သဖြင့် ခံစားရရှိသည့် ဆုကြေးငွေများပေးအပ်ကာ လုံခြုံလွတ်လပ်စွာထားရှိကြောင်း KNDF ဗဟိုက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များ ၊ စစ်ကောင်စီတပ်သားများ အနေဖြင့် ယခုလိုကာလအတွင်း လမ်းမှန် ပေါ်လျှောက်၍ ပြည်သူနှင့် ယုံကြည်စိတ်ချစွာ ပူးပေါင်းလာကြပါရန် KNDF ဗဟိုက တိုက်တွန်းထား ပြီး လူ့ဂုဏ်သိက္ခာနှင့်အညီ လုံခြုံစိတ်ချမှုကိုလည်း အပြည့်အဝအာမခံကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article