32 C
Yangon

မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံး

Must read

မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မုံရွာ ခရိုင် အမှတ် ၄ တပ်ရင်း – Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၈ ရက် နံနက် ၈ နာရီ မိနစ် ၃၀ အချိန်ခန့်က ညောင်ဖြူပင်ရဲစခန်းမှ ရွာထဲသို့ စစ်ကြောင်း ၂ ကြောင်းဖြင့် ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ကျော်ကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးအပါအ ဝင် ၃ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ CDM စစ်သား ရဲဘော် Jade တိုင်းပြည် အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း – ၄ ၏ အထူးကွန်မန်ဒို တပ်ဖွဲ့ (Monywa The Boys) ၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း – ၄ တပ်ခွဲ ၂- 5/ Monywa Commando Force ၊ မုံရွာခရိုင်တပ်ရင်း ၅ ၊ မုံရွာခရိုင်တပ်ရင်း ၉ ၊ မုံရွာခရိုင် တပ်ရင်း ၁၃ ၊ မုံရွာခရိုင်တပ်ရင်း ၂၅ ၊ Special Guerilla Force – Monywa S.G.F ၊ စေတန် နှင့် ညောင်ဖြူပင် ပကဖ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article