33 C
Yangon

မန်စီမြို့နယ်၊ စီအူရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံး ၃ လုံး ကျဲချ ၊ မင်္ဂလာဆောင် အခမ်းအနားကို ထိမှန်၍ ထိခိုက် သေဆုံး မှု များ နိုင်

Must read

မန်စီမြို့နယ်၊ စီအူရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံး ၃ လုံး ကျဲချ ၊ မင်္ဂလာဆောင် အခမ်းအနားကို ထိမှန်၍ ထိခိုက် သေဆုံး မှု များ နိုင်

ရန်ကုန်၊ ဇန်နဝါရီ ၉

ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ စီအူရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် မန်စီမြို့နယ်၊ စီအူရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံး ၃ လုံးကျဲချခဲ့ကြောင်း၊ ယင်း ကျေးရွာ၌ မင်္ဂလာဆောင် အခမ်းအနားရှိပြီး ပြည်သူများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“ကချင်နဲ့ ရှမ်းမြောက် နယ်စပ်မှာရှိတဲ့ စီအူကျေးရွာကို ဒီနေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်လောက်က လေယာဥ်နဲ့ ဗုံး ၃ လုံးကျဲချသွားတယ်။ ထိခိုက်မှု အခြေအနေ တော့ မသိရသေးဘူး။ အဲရွာမှာ ဘာလက်နက်ကိုင်မှ မရှိဘူး။ မင်္ဂလာဆောင် ရှိတယ်လို့တော့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article