34 C
Yangon

တိုက်ပွဲ ပြင်းထန်နေသော မိုးမိတ်မြို့ကို စစ်တပ်က လေကြောင်း၊ လက်နက် ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မြို့နေပြည်သူ အများစု ထွက်ပြေး တိမ်း ရှောင်နေရ

Must read

တိုက်ပွဲ ပြင်းထန်နေသော မိုးမိတ်မြို့ကို စစ်တပ်က လေကြောင်း၊ လက်နက် ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မြို့နေပြည်သူ အများစု ထွက်ပြေး တိမ်း ရှောင်နေရ

ရန်ကုန်၊ ဇန်နဝါရီ ၉

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့တွင် အကြမ်းဖက်စစ်တပ်က တိုက်လေ‌ယာဉ်ဖြင့် ဗုံးကျဲမှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတို့ကြောင့် မြို့မှ ဒေသပြည်သူ ၃ ပုံ ၂ ပုံခန့်မှာ မြို့ကို စွန့်ခွာထွက်ပြေးနေကြကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် ယနေ့ ဇန်နဝါရီ ၉ ရက်နေ့တွင် မိုးမိတ်မြို့နယ် မန်ဖွယ်ရွာကိုလည်း လက်နက်ကြီးများနှင့် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“မြို့ထဲတော့ မဟုတ်ဘူးရှင့်။ မနက်က စစ်ဖြစ်တဲ့မန်ဖွယ်ရွာကို ။ စစ်တပ်ကပစ်တာ ဟုတ်တယ်။ လေယာဥ်ကတော့ မြို့ပေါ်ကို ပစ်တယ်ပေါ့ ။အခုကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ထုနေတုန်းရှင့်”ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

လက်ရှိတွင် မိုးမိတ်မြို့ပေါ်တွင် ကျန်ရှိသည့် ပြည်သူအနည်းငယ်မှာ အိမ်စောင့်သဘောမျိုးသာ ကျန်ရှိနေကြခြင်း ဖြစ်ကြောင်း သိရှိသည်။

“မြို့တွင်းမှာ မြို့သူမြို့သား ၃ပုံ ပုံရင်၂ပုံကတော့အခြားမြို့တို့ ရှောင်ကုန်ကြပြီရှင့်။ မြို့တွင်းမှာလည်းတိတ်ဆိတ်နေပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်သည် မန်ဖွယ်ရွာကို လေကြောင်းတိုက်ခိုက်မှုလည်း ပြုလုပ်ခဲ့ကြောင်း ဒေသပြည်သူများထံမှသိရှိရသည်။

မိုးမိတ်မြို့တွင် TNLA ပါဝင်သော ညီနောင်မဟာမိတ် ၃ ဖွဲ့ အပါအဝင် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- TNLA တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article