25 C
Yangon

ကျုံဒိုးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု သီလရှင် ၂ ပါးနှင့် ပြည်သူ ၁ ဦးဒဏ်ရာရပြီး ဘုန်းကြီး ကျောင်းနှင့် သီလရှင်ကျောင်းတို့ ထိခိုက်ပျက်စီး

Must read

ကျုံဒိုးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု သီလရှင် ၂ ပါးနှင့် ပြည်သူ ၁ ဦးဒဏ်ရာရပြီး ဘုန်းကြီး ကျောင်းနှင့် သီလရှင်ကျောင်းတို့ ထိခိုက်ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၉

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ် ခတ်ခဲ့ရာ အသက် ၁၃ နှစ်နှင့် ၁၆ နှစ်အရွယ် သီလရှင် ၂ ပါး၊ အသက် ၇၂ နှစ်အရွယ် ဘုန်းကြီး ကျောင်း ဂေါပကတို့ ထိမှန်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းတို့လည်း ထိခိုက် ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

ဇန်နဝါရီလ ၅ ရက် နံနက် ၁၁ နာရီ ၅၉ မိနစ်တွင် ကျုံဒိုးမြို့နယ်၊ မြောက်ကြာအင်းအုပ်စု၊ ဝိတ်ဇာ ကုန်းကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ် စကခ ၁၂ လက် အောက်ခံ ခလရ ၂၃၀ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဝိတ်ဇာကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၏ စောင်းတန်းနှင့် သိမ်တော် ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့သို့ ထိမှန်ပေါက်ကွဲမှုကြောင့် အသက် ၇၂ နှစ်အရွယ် ဘုန်းကြီးကျောင်း ဂေါပက ဦးမောင်ကြီး ဘယ်ဘက်ဖနှောင့် ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည့်အပြင် ဘုန်းကြီးကျောင်း အနီးရှိ နေအိမ်တစ်လုံး လည်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၇ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ကျုံဒိုးမြို့နယ်၊ ကော့ဝါလဲအုပ်စု ၊ ကော့ဝါလဲကျေးရွာအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ ၅၄၅ တပ်ရင်းမှ ၁၂၀ မမ လက် နက်ကြီးဖြင့် ပစ်ခတ်ရာ ကော့ဝါလဲကျေးရွာ အေးချမ်းသာယာ တောရကျောင်းဝန်း ကျရောက် ပေါက်ကွဲခဲ့ပြီး နှစ်ထပ်ကျောင်းဆောင် ထိမှန်ပျက်စီးခဲ့ကာ သီလရှင် နှစ်ပါးလည်း ကျည်စ ထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါ ကျည်စထိမှန် ဒဏ်ရာရခဲ့သော သီလရှင် နှစ်ပါးမှာ အသက် ၁၃ နှစ်ရှိ မဥမ္မာစာရီတွင် ဘယ် ဘက်လက်မောင်း ကျည်စထိမှန် ဒဏ်ရာ နှင့် အသက် ၁၆ နှစ်ရှိ မအိန္ဒရံသီတွင် ညာဘက်မျက်ခမ်း ကျည်စထိမှန် ဒဏ်ရာရရှိကာ ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article