25 C
Yangon

လောင်းလုံးမြို့နယ်၊ ညောပြင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀ ကျော်ပြာကျ၊ အောက်ကြောက်ဝပ်ရွာရှိ နေအိမ်များကိုလည်း စစ်တပ်က မီးရှို့ပြီး ဖြိုချဖျက်ဆီး

Must read

လောင်းလုံးမြို့နယ်၊ ညောပြင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀ ကျော်ပြာကျ၊ အောက်ကြောက်ဝပ်ရွာရှိ နေအိမ်များကိုလည်း စစ်တပ်က မီးရှို့ပြီး ဖြိုချဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၉

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညောပြင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှု​ကြောင့် နေအိမ် ၁၀၀ ကျော် ပြာကျခဲ့ကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က လောင်းလုံးမြို့နယ်၊ ညောပြင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၀၀ ကျော်ပြာကျခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့၌ အောက်ကြောက်ဝပ်ရွာကို ထပ်မံ ဝင်ရောက် စီးနင်းပြီး နေအိမ်များကို မီးရှို့ကာ ဖြိုချဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

” ညောပြင်ရွာကို စစ်ခွေးတွေ မီးရှို့တာ နေအိမ် ၁၀၀ လောက် ပြာကျ ပျက်စီးသွားတယ်။ အတိအကျတော့ မသိရသေးဘူး။ ဒီနေ့ မနက်လည်း အောက်ကြောက်ဝပ်ရွာကို ထွက်လာပြီး နေအိမ် ၁ လုံးကို မီးရှို့ထားတယ်။ ကျန်အိမ်တွေ ရိုက်ဖြိုနေတယ်လို့တော့ သိထားရတယ်” ဟု လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်အား ၁၀၀ ကျော်ခန့်ပါဝင်ပြီး ထပ်မံ အင်အားဖြည့်တင်းကာ ဆက်လက် စစ်ကြောင်းထိုးမည်ကို စိုးရိမ်နေကြောင်း ဒေသပြည်သူများထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article