26 C
Yangon

မြို့သစ်မြို့နယ်၊ ဆည်လည်အုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

မြို့သစ်မြို့နယ်၊ ဆည်လည်အုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၉

မကွေးတိုင်း၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ အိုးကုန်းကျေးရွာ နေ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း မကွေးပြောက်ကျားတပ်ဖွဲ့မှ တာဝန် ရှိသူ ကိုကံကြီးမောင် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၈ ရက်ညနေ ၆ နာရီခန့်က မြို့သစ်မြို့ နယ်၊ ဆည်လည်အုပ်စု၊ အိုကုန်းကျေးရွာနေ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်စု အုပ်ချုပ်ရေးမှူး ဇော်ဝင်း (ခ)မှတ်ကြီးကို Magway Guerilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) ၊ TDG Special Guerilla Force (တောင်တွင်းကြီး အထူးပြောက်ကျား တပ်ဖွဲ့) နှင့် Yenanthar Youth Force တို့ပူး ပေါင်းကာ နေအိမ် အတွင်းဝင် ရောက်ပြီး သေနတ်ဖြင့် ၄ ချက်ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူ ဇော်ဝင်း(ခ)မှတ်ကြီးသည် ကနီကျေးရွာအုပ်ချုပ်ရေးမှူး သေဆုံးမှုနှင့် ပတ်သက်ပြီး သ တင်းပေး တိုင်ကြား ဖမ်းဆီးခိုင်းခြင်း၊ ဗိဿနိုးပြည်သူသ့ကာကွယ်ရေးတပ်မတော်မှ ရဲဘော် ၆ ဦးကို သတင်ပေးတိုင်ကြား သတ်ဖြတ်ခိုင်းခြင်း၊ ထောက်ပို့များကို ဖမ်းခိုင်းခြင်း၊ ပျူစောထီးများ ဖွဲ့ရန် စစ် ကောင်စီတပ်သား၊ ရဲများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဘဏ်ငွေကိစ္စများ ခြိမ်းခြောက်တောင်း ခံခြင်းတို့ကြောင့် ရှင်း လင်းရခြင်းဖြစ်ကြောင်း သိရသည်။

Magway Guerilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) ၊ TDG Special Guerilla Force (တောင် တွင်းကြီးအထူးပြောက်ကျား တပ်ဖွဲ့) နှင့် Yenanthar Youth Force တို့ပူးပေါင်းကာ အကြမ်းဖက် စစ်ကောင်စီထောက်တိုင်မှန်သမျှကို ပစ်ခတ်ရှင်းလင်းသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article