26 C
Yangon

ရေတာရှည်မြို့နယ်၊ နှောပင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ဦး ထက်မနည်း သေဆုံး

Must read

ရေတာရှည်မြို့နယ်၊ နှောပင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ဦး ထက်မနည်း သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၉

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ နှောပင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ် ကောင်စီတပ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပုဝါနီစစ်ကြောင်းထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၉ ရက် နံနက် ၅ နာရီ မိနစ် ၃၀ ခန့်က ရေတာရှည်မြို့နယ်၊ နှောပင်ကျေးရွာသို့ အင်အား ၆၀ ခန့်ဖြင့် ဝင်ရောက်ရောက်ရှိနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပုဝါနီ စစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ညပို်ငးတွင်း တပ်ပြန်ရုတ်ထားပြီး ကင်းပုန်းများ ချထား ခဲ့ရာ ယင်းကင်းပုန်းနေရာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအ ထိအခိုက်မရှိအောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီစစ်တပ် စစ်ကြောင်းမှာ အင်းဒိုင်းကျေးရွာဘက်သို့ ဆုတ်ခွာသွားကြောင်း ပုဝါနီစစ်ကြောင်းမှ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article