32 C
Yangon

နွားထိုးကြီးမြို့နယ်၊ ဆေးခင်းကြီးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ တပ်သား ၁၀ ဦးထက် မနည်းသေဆုံးဟုဆို

Must read

နွားထိုးကြီးမြို့နယ်၊ ဆေးခင်းကြီးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ တပ်သား ၁၀ ဦးထက် မနည်းသေဆုံးဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၀

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဆေးခင်းကြီးကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ် ပြီး အကြမ်းဖက်စစ် ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ – နွားထိုးကြီး PDFမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်‌ ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၉ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ ဆေးခင်း ကြီးကျေးရွာသို့ ဝင်ရောက်လာ သော အကြမ်းဖက်စစ်သားများကို ဆေးခင်း ကြီး ကျေးရွာအနီးအရောက် ဒရုန်းဖြင့် ၅ ကြိမ် ဗုံး ၆ လုံး ကျဲချပြီး စစ်ကူလာ သည့် ကားများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

“သူတို့က ဆေးခင်းကြီးရွာကို တပ်စွဲဖို့ လာတာ၊ အဲဒါကို တိုက်ခိုက်ခဲ့တာ၊ လာ တဲ့ ကားကို လူတွေ တောက်လျှောက်ဖြန့်ပြီး ပစ်ခဲ့တာ၊ သူတို့က အင်အား ၂၀၀ လောက်ဖြည့်တင်းလာတဲ့အတွက် နောက်ပြန် ဆုတ်ခဲ့ရတာ၊ ဒီနေ့တော့ မရှိ တော့ ဘူး၊ ဒီနေ့မနက်ပဲ ပြန်ဆုတ်သွားပြီ” ဟု မြင်းခြံခရိုင် တပ်ရင်း ၄ – နွားထိုး ကြီး PDFမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်‌ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါ တိုက်ခိုက်မှိုကု Natogyi People Defense Force မြင်းခြံခရိုင် အမှတ် ၄တပ်ရင်းနှင့်အတူ နွားထိုးကြီးမြို့နယ်ပကဖ ၊ Myingyan District Drone Strike အမှတ် 1848 ဒရုန်းတပ်နှင့် Shar Htoo Waw နည်းပညာ team 2 တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၀င် များအထိ အခိုက် မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- မကွေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article