30 C
Yangon

တကောင်းမြို့ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

တကောင်းမြို့ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၀

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုရှိကြောင်း တကောင်း ပကဖ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၉ ရက် ည ၉ နာရီ မိနစ် ၃၀ ခန့်က တကောင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ် ကောင်စီ လက်အောက်ခံ အထွေထွေအုပ်ချုပ် ရေးမှူးရုံးနှင့် ရဲစခန်း ကို ဒရုန်းဖြင့် ဗုံးသီး ၁၅ လုံး ခန့်ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်ဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ရုံး အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“၂ နေရာပေါင်း ၁၅ လုံးလောက်ရှိတယ်၊ အတွဲလိုက်ချတာ၊ ပျက်စီးတာတော့များတယ်၊ ခွေးသေ ထိခိုက်ကျတော့ တပ်တွင်းဖြစ်နေလို့ သေချာ မသိရဘူး” ဟု တကောင်းပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article