27 C
Yangon

ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ရွှေဘိုလေ့ကျင့်ရေး ၈ တပ်အတွင်းမှ လက်နက် ခဲယမ်းများ သယ်ဆောင်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခင်ဦးမြို့အတွင်း ပြန်လည်ဝင်ရောက်လာပြီး ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော်သည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိချိန်တွင် ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ကံသာယာ၊ ဗအိုး၊ အင်တိုင်းကြီး၊ ရွှေကူ၊ ကင်းပြစ်၊ သရက်ကုန်း၊ ရှင်မင်းဒွေ၊ မြစ်တော်၊ ဂွေးကုန်းနှင့် သာဂရ ရွာတို့မှ ပြည်သူ ၃၀၀၀ ကျော်သည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရှိရသည်။

“အဲစစ်ခွေး စစ်ကြောင်းက ပြီးခဲ့တဲ့ရက်ပိုင်း ၆ရက်နေ့က ခင်ဦးမြို့နယ် အနောက်ခြမ်း မြင်းဒေါင်းရွာဘက်ကနေ ကံသာယာတောင်ရွာကို ဝင်စီးပြီး စပါးကျီနဲ့ နေအိမ်တချို့ကိုမီးရှို့ထားခဲ့ပြီး ခင်ဦးမြို့တွင်းဝင်သွားတာ ခင်ဦးမြို့တွင်းကနေမှ ရွှေဘိုလေ့ကျင့်ရေး ၈ တပ်ထဲကနေ လက်နက်ခဲယမ်းတွေ သွားသယ်လာပြီး မနေ့ကညနေပိုင်း ခင်ဦးကိုပြန်ဝင်လာပြီး ဒီနေ့ စစ်ကြောင်းစထိုးနေတာ ရေဦးမြို့ထဲကို ပြန်ဝင်မယ်လို့ ခန့်မှန်းရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောဆိုသည်။

လက်ရှိချိန်တွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခင်ဦးမြို့နယ် အနောက်ခြမ်း ပျဥ်ထောင် ပျူစောထီးရွာအနီးရှိ အင်တိုင်းကြီးရွာထဲကို ပစ်ခတ် ဝင်ရောက် စီးနင်းနေကြောင်း သိရသည်။

Photo – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article