26 C
Yangon

စဥ့်ကိုင်မြို့မရဲစခန်းကို ပစ်ခတ်တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ

Must read

စဥ့်ကိုင်မြို့မရဲစခန်းကို ပစ်ခတ်တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၁၀

မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့မရဲစခန်းကို တော်လှန်ရေး ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း SINTKAING REVOLUTION FORCE- SRF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့ ညနေ ၆ နာရီခန့်တွင် စဥ့်ကိုင်မြို့နယ်၌ ပြည်သူများ အပေါ် ဖမ်းဆီး ငွေညှစ်ရမ်းကားနေသော စဥ့်ကိုင်မြို့မရဲစခန်းကို တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

” SINTKAING REVOLUTION FORCE အဖွဲ့က ၈ ရက်နေ့ညနေပိုင်း ၆ နာရီလောက်က စဥ့်ကိုင်မြို့မ ရဲစခန်းကိုပစ်ခတ် တိုက်ခိုက်ခဲ့တာ ရဲ ၂ ကောင်သေပြီး ၆ ကောင်ဒဏ်ရာရတယ်။ ရဲစခန်းနား ကပ်ပစ်ခဲ့တာ” ဟု SINTKAING REVOLUTION FORCE- SRF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို SINTKAING REVOLUTION FORCE -SRF ၊ စဥ့်ကိုင်မြို့နယ် ပကဖ နှင့် Kyaukse Revolution Army-KRA တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စဥ့်ကိုင်မြို့နယ်အတွင်း စစ်ရေး အရှိန်မြှင့် လုပ်ဆောင်မည်ဖြစ်သောကြောင့် ပြည်သူများ အားလုံးအနေဖြင့် စစ်သား၊ ရဲများနှင့် နီးစပ်ရာ နေရာများကို အသွားအလာ မလုပ်ကြရန် SRF အဖွဲ့က အသိပေး ထုတ်ပြန်ထားသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article