26 C
Yangon

မြောက်ဦး၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် စစ်တပ် ပစ်ခတ်သော လက် နက် ကြီးကျည် ကျရောက်ပေါက်ကွဲ၊ မင်းပြားတွင် တိုက်ပွဲပြင်းထန်နေပြီး စစ် တပ်ပစ်ခတ်သော ကျည်ထိမှန်၍ ပြည်သူ ၁ ဦးဒဏ်ရာရ

Must read

မြောက်ဦး၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် စစ်တပ် ပစ်ခတ်သော လက် နက် ကြီးကျည် ကျရောက်ပေါက်ကွဲ၊ မင်းပြားတွင် တိုက်ပွဲပြင်းထန်နေပြီး စစ် တပ်ပစ်ခတ်သော ကျည်ထိမှန်၍ ပြည်သူ ၁ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် စစ်ကောင် စီ တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၂၁ မိနစ်အချိန် မြောက်ဦး အခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၄၀ တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ၆ လုံး သည် မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ နန်းတော်ရာကုန်းထက်၌ ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ရခိုင်တိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီး လျက်ရှိ ကြောင်း ဒေသပြည်သူတချို့က ပြောဆိုကြသည်။

အလားတူ ရခိုင်ပြည် မင်းပြားမြို့ရှိ စစ်ကောင်စီတပ်ရင်းများဖြစ်ကြသည့် ၃၇၉၊ ၃၈၀၊ ၅၄၁ တပ်ရင်းများကို ရက္ခိုင့်တပ်တော် AA က တစ်ပြိုင်းတည် ဝင်ရောက် တိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီ ၁၀ ရက်နေ့ နံနက်ပိုင်းမှစ၍ မင်းပြားရှိ စစ်ကောင်စီ တပ်ရင်း များ ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီဖက် တိုက်လေ ယာဉ် များဖြင့် လာရောက် ပစ်ကူပေးမှုများ ရှိနေကြောင်း မင်းပြား ဒေသခံ တစ်ဦးက ပြောသည်။

“ဒီကနေ့ မနက်ပိုင်းစလို့ တပ်ရင်းသုံးခုကို AA ဝင်တိုက်တယ်။ တိုက်ပွဲက အရမ်း ပြင်းနေတယ်။ စစ်တပ်ကလေယာဉ်နဲ့ လာပစ်ကူပေးတယ်။ လက် နက်ကြီး လက်နက်ငယ်တွေကလည်း မနားတမ်း အပြန် အလှန်ပစ်ခတ် နေကြတယ်။ တော်တော်ပြင်းပြင်းထန်ထန် ဖြစ်နေတာ”ဟုပြောသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ လအတွင်း စစ်ကောင်စီတပ်က မင်းပြားမြို့အတွင်း လက်နက်ကြီး လက်နက်ငယ်များနှင့် ရမ်းသမ်းပစ်ခတ်မှုရှိပြီးနောက် သေနတ် သံများမှာ အနည်းငယ် ငြိမ်သတ်ခဲ့သော်လည်း ယခု တစ်ကြိမ် ထပ်မံ ပစ်ခတ် မှုများ ဖြစ်လာခြင်း ဖြစ်သည်။

ယင်းနောက်ပိုင်းတွင် မင်းပြားဒေသခံများ နီးစပ်ဆွေးမျိုးများနှင့် တိုက်ပွဲများ ဝေးရာသို့ တိမ်းရှောင်နေရပြီး ပြီးခဲ့သည့် ရက်ပိုင်းတွင် တဖန် စစ်ကောင်စီ မင်းပြား တပ်ရင်းများက မြို့ပေါ်နှင့် မြို့မဈေးကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးမှုတစ်ချို့ ရှိခဲ့သည်။

မင်းပြားဒေသခံတစ်ဦးက “တိုက်ပွဲကမနက် ၅ နာရီကျော်လောက်မှာ စဖြစ် တယ်။ အခုလည်း ဖြစ်နေတယ်။ ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေတယ်။ အခြေအနေက ဆိုးတယ်”ဟုပြောသည်။

ဇန်နဝါရီ ၉ ရက်နေ့ နေ့လယ် ၂ နာရီနှင့် ၅ နာရီ ဝန်းကျင်လောက်အတွင်းက မြောက်ဦးမြို့အခြေစိုက် ခမရ ၅၄၀ တပ်ရင်းက စစ်ကောင်စီတပ်သားများမှာ မြို့အတွင်း သွားလာနေစဉ်တွင် လမ်းမှာတွေ့သည့် အရပ်သား သုံးဦးကို လူ သားဒိုင်းကာအဖြစ် ဖမ်းသွားပြီးနောက် ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၉ ရက်နေ့တွင် မြောက်ဦးအခြေစိုက် စစ်ကောင်စီတပ်၏ ခမရ ၅၄၀ မှ အင်အား ၅၀ ကျော်ခန့်ရှိ စစ်ကောင်စီ စစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ သကျမာရ်အောင် ဘုရားအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲတွင် စစ်ကောင်စီ စစ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း AA က ထုတ်ပြန် သည်။

ထို့ပြင် မင်းပြားတွင် ယနေ့ ၁၀ ရက်နေ့ နံနက် ၇ နာရီအချိန် စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ထိမှန်၍ မင်းပြားမြို့၊ ပြည်တော်လှရပ်ကွက်မှ ဦးမောင်ကျော်ထွန်း(၅၈ နှစ်) ဒဏ်ရာရရှိကြောင်း သိရှိရသည်။

Photo- Arakan Princess Media

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article