ခင်ဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ဦးထက်မနည်း သေ ဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၁၁
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ တဲစုကျေးရွာနှင့် ပျဉ်ထောင်ပျူရွာကြား၌ တိုက်ပွဲ ဖြစ်ပြီး စစ်ကောင်စီ တပ်သား ၄ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Khin U Special Force Organization – KSO ထံမှ သိရ သည်။
ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၃၀ ခန့်က ခင်ဦးမြို့ ပေါ် မှ အနောက်ခြမ်း ကျေးရွာများသို့ အင်အား ၈၀ ကျော်ဖြင့် ခြေလျင်စစ် ကြောင်းထိုးလားသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို အင်တိုင်း ကြီးရွာ၊ တဲစုကျေးရွာ နှင့်ပျဥ်ထောင်ပျူရွာကြားအရောက် ပြည်သူ့ကာ ကွယ် ရေး ပူးပေါင်းတပ်ဖွဲ့မှ အသင့်စောင်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန် အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီ ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။
အသင့်စောင်ကြိုပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ဖရိုဖရဲဖြစ်နေသော အကြမ်း ဖက် စစ်သားများကို ဒရုန်း အကြီး ၂ စီး ဖြင့် ဗုံးသီး ၁၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးသည် ကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး ၁၀ ဦးထက်မနည်းလဲကျဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း သို့ ပျဉ် ထောင် ပျူရွာအတွင်းရှိ အကြမ်းဖက်စစ်သားများကလည်း လက်နက်ကြီး များ ဖြင့် ရမ်းသမ်း ပစ်ခတ်ကာ စစ်ကူပေးခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို KSO-KURDAF Droneအဖွဲ့၊ ခင်ဦးမြို့နယ် ပကဖ ၊ Wolf Guerrilla Force Local PDF၊ YE U ၊ ARF ၊ KUGF၊ Drone ပူးပေါင်း အဖွဲ့တို့နှင့် နယ်မြေခံမဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ပျဉ်ထောင်ပျူရွာအတွင်းမှ အကြမ်း ဖက်စစ်ကောင်စီတပ်သားများ ထပ်မံ ထွက် ခွာလာသဖြင့် ရေဦး -ခင်ဦး လမ်းပိုင်း၊ မုံလှ-မြင်းဒေါင်း – ညောင်ပင်ကြီးစု (DY-1 မူးဘောင်လမ်း) လမ်း ပိုင်းကို အသုံးပြုသွားလာခြင်းမပြုလာခွင့် ယာယီပိတ်ထား မည်ဖြစ် ကြောင်း Khin U Special Force Organization – KSO က ထုတ်ပြန် ထားသည်။
#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution
