30 C
Yangon

ဘုတလင်တွင် ပြည်သူပိုင်ပစ္စည်းများကို လုယက်နေသည့် စစ်ကြောင်းကို တိုက်ခိုက်မှု တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဇော်လင်း အပါအဝင် စစ်သား ၄ ဦးသေဆုံး

Must read

ဘုတလင်တွင် ပြည်သူပိုင်ပစ္စည်းများကို လုယက်နေသည့် စစ်ကြောင်းကို တိုက်ခိုက်မှု တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဇော်လင်း အပါအဝင် စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ပြည်သူပိုင်ပစ္စည်းများကို လုယက်နေ သည့် စစ်ကြောင်းကို တိုက်ခိုက်ရာ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ဇော် လင်း အပါအဝင် စစ်သား ၄ ဦးသေဆုံးကြောင်း ကျောင်းသား လက်ရုံး တပ် တော် မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။

ဇန်နဝါရီလ၊ ၇ ရက်နေ့ နံနက် ၉ နာရီ ၂ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ယုန်လှေးကုန်းကျေးရွာသို့ စီးနင်းဝင်ရောက်ပြီး ပြည်သူ ပိုင်ပစ္စည်းများကို စစ်တပ်က လုယက်သွားကြောင်း၊ အဆိုပါ စစ်ကြောင်း ဘုတလင်မြို့သို့ ပြန်လည်ထွက်ခွာစဉ် ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ မုံရွာခရိုင် တပ်ရင်း-၂၄၊ မြို့နယ်ပကဖ တို့ ပူးပေါင်း၍ သီးပင်အိုင်ကျေးရွာ အနောက်ဘက်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲမှာ ၂၈မိနစ်ကြာ မြင့်ခဲ့ပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ဇော်လင်း အပါအဝင် စစ်သား ၄ ဦးကျဆုံးခဲ့ပြီး ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် တစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး လက်နက်သိမ်းဆည်းရရှိမှု အခြေအနေကို မပြောလိုကြောင်း ကျောင်းသားလက်ရုံးတပ်တော်မှ တာဝန်ရှိသူက ဆက်လက်ရှင်းပြသည်။

လတ်တလော ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်း (အပတ်စဥ်သစ်) အတွက် တပ်သားသစ် ခေါ်ယူနေပြီး ကျောင်းသား သမဂ္ဂ ခွပ်ဒေါင်းအလံတော် အောက်တွင် ကျောင်းသားလက်ရုံးတပ်တော်နှင့်အတူ တိုက်ပွဲဝင်မည့် အပတ်စဉ်သစ် ရဲဘော်များ စတင်လက်ခံစု‌ဆောင်းနေသဖြင့် ပါဝင်လိုသူများ ဆက်သွယ်နိုင်ကြောင်း ကျောင်းသားလက်ရုံးတပ်တော် တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article