ရေစကြိုမြို့နယ်၊ ခလရ ၂၅၈ တပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ အသက် ၇၀ အရွယ် အဘိုး ဦးအောင်ခင်နှင့် အဘွားဒေါ်စံယူတို့ ပွဲချင်းပြီး သေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၁၁
မကွေးတိုင်း ရေစကြိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ ရေစကြို အထိုင် တပ် ခ.လ.ရ ၂၅၈ တပ်ရင်းက ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီး ကျည်ထိမှန်၍ ပညင်းကျေးရွာမှ ပြည်သူ ၂ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဇန်နဝါရီလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် အကြမ်းဖက် စစ်တပ် က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ပညင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၇၀ နှစ်ဝန်းကျင်ခန့် အဘိုး ဦးအောင်ခင်နှင့် အဘွား ဒေါ်စံယူတို့ကို ထိမှန်၍ ပွဲချင်း ပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူ များက ရှင်းပြသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များသည် ဖူလုံကျေးရွာအတွင်းသို့လည်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ နေအိမ်များ ပျက်စီးပြီး ပြည်သူတချို့ပါ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသပြည်သူ များ က ပြောဆိုသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်နေမှု မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)
#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution
